
နိုင်ငံရေး · စစ်ကိုင်းတိုင်း
စစ်ကိုင်းတိုင်းလွှတ်တော် အရေးပေါ်အစည်းအဝေးကျင်းပ
2 နိုဝင်ဘာ 2026 19:08 မြန်မာစံတော်ချိန်
အကျဉ်းချုပ်
အတည်ပြုပြီး
သီးခြားလွတ်လပ်သော သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည်
သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည့် အချက်အလက် မရှိသေးပါ။
သတင်းဌာန တစ်ခုတည်းက ဖော်ပြထားသည်
အခြား သတင်းဌာနက မဖော်ပြသေးပါ။ မှားသည်ဟု မဆိုလိုပါ။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးနှင့် စည်ပင်သာယာရေးဝန်ကြီးတို့ ကတိသစ္စာပြုရန်အတွက် စစ်ကိုင်းတိုင်းဒေသကြီးလွတ်တော် အရေးပေါ်အစည်းအဝေးကို မုံရွာမြို့၌ နိုဝင်ဘာလ ၂ ရက်နေ့က ကျင်းပသည်။
လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီးအမည်စာရင်းကို လွှတ်တော်တွင် တင်ပြအတည်ပြုခဲ့ပြီး ဥပဒေအထောက်အကူပြုအဖွဲ့ ဖွဲ့စည်းခြင်းနှင့် စပ်လျဉ်း၍ ရှင်းလင်းတင်ပြခဲ့ပြီးနောက် လွှတ်တော်ပထမနေ့ကို ရပ်နားခဲ့သည်။
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်၏ သဝဏ်လွှာအရ လွှတ်တော်ဥပဒေနှင့် နည်းဥပဒေများနှင့်အညီ အဆိုပါအစည်းအဝေးကို ခေါ်ယူရခြင်းဖြစ်ကြောင်း လွှတ်တော်ဥက္ကဌက ပြောကြားသည်။
လွှတ်တော်အစည်းအဝေးတွင် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်တစ်ဦးနှင့် စည်ပင်သာယာရေးဝန်ကြီးတို့က ကတိသစ္စာပြုပြီး ကတိသစ္စာပြုလွှာတွင် လက်မှတ်ရေးထိုးကြသည်။
အထက်ပါ အချက်များ၏ ရင်းမြစ် —Voice of Myanmar
သတင်းရင်းမြစ်များ
အချိန်အလိုက် စီထားသည်။ ခေါင်းစဉ်များမှာ သတင်းဌာန၏ မူရင်းခေါင်းစဉ်များ ဖြစ်သည်။
- Voice of Myanmarပြည်တွင်းအခြေစိုက်2 နိုဝင်ဘာ 2026 19:08စစ်ကိုင်းတိုင်းအစိုးရမှာ လုံနယ်နဲ့စည်ပင်ဝန်ကြီးခန့်အပ်တဲ့အတွက် စစ်ကိုင်းတိုင်းလွတ်တော် အရေးပေါ်အစည်းအဝေးကျင်းပ
ပြောင်းလဲမှုမှတ်တမ်း
- 2 နိုဝင်ဘာ 2026 21:44Story published.
