
ပြည်ပရောက် မြန်မာများ
အုန်းဖြန်ဒုက္ခသည်စခန်းတွင် ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ကတ်များ စတင်ရိုက်ပေး
6 နိုဝင်ဘာ 2026 16:51 မြန်မာစံတော်ချိန်
အကျဉ်းချုပ်
အတည်ပြုပြီး
သီးခြားလွတ်လပ်သော သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည်
သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည့် အချက်အလက် မရှိသေးပါ။
သတင်းဌာန တစ်ခုတည်းက ဖော်ပြထားသည်
အခြား သတင်းဌာနက မဖော်ပြသေးပါ။ မှားသည်ဟု မဆိုလိုပါ။
ကတ်သက်တမ်းမှာ ၁၀ နှစ်ရှိပြီး လူတစ်ယောက်၏ အချက်အလက်များကို ကတ်ထဲတွင် ထည့်သွင်းပေးထားကြောင်း အုန်းဖြန်ဒုက္ခသည်စခန်း ဒုဥက္ကဌက ပြောသည်။
စခန်းပြင်ပတွင် တရားဝင်နေထိုင်ခွင့်ရရှိရန် ယခုကဲ့သို့ ကတ်များရိုက်ပေးပြီးနောက် ဒုက္ခသည်စခန်းအချို့ကို ဖြုတ်သိမ်းရန် ထိုင်းအစိုးရတွင် အစီအစဉ်ရှိကြောင်း ကရင်ဒုက္ခသည်များရေးရာကော်မတီက သိရသည်။
လက်ဗွေစနစ်ဖြင့် ရိုက်နှိပ်ထားသော အဆိုပါကတ်များရရှိပါက ဘဏ်အကောင့်ဖွင့်လှစ်ခြင်း၊ အာမခံ လျှောက်ထားခြင်းနှင့် စခန်းပြင်ပထွက်သည့်အခါ တရားဝင်အထောက်အထားအဖြစ် ပြသခွင့်ရှိသည်။
အုန်းဖြန်ဒုက္ခသည်စခန်းရှိ လူဟောင်းစာရင်းပါသူများကို ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ရပြီး နိုင်ငံသားမဟုတ်ကြောင်း အသိအမှတ်ပြုသည့်ကတ်များကို နိုဝင်ဘာ ၅ ရက်က စတင်ရိုက်ပေးနေသည်။
အဆိုပါကတ်များကို အသက် ၅ နှစ်မှ ၇၀ အထိ အကူအညီလိုချက်နှင့် အထူးလိုအပ်ချက်ရှိသည့် အုပ်စုများကို ဦးစားပေးရိုက်ပေးနေပြီး ၂၀၁၉ ခုနှစ်က လက်မှတ်ရှိထားသူ လူဟောင်းများသာ ရိုက်ခွင့်ရှိသည်။
ဦးစားပေးစာရင်းပါသူများ ပြီးစီးပါက စခန်းတာဝန်ရှိသူများနှင့် ပညာရေး၊ ကျန်းမာရေး ဝန်ထမ်းများကို ဒုတိယဆင့်အနေဖြင့် ဆက်လက်ရိုက်ပေးမည်ဖြစ်သည်။
အထက်ပါ အချက်များ၏ ရင်းမြစ် —ကေအိုင်စီ
သတင်းရင်းမြစ်များ
အချိန်အလိုက် စီထားသည်။ ခေါင်းစဉ်များမှာ သတင်းဌာန၏ မူရင်းခေါင်းစဉ်များ ဖြစ်သည်။
- ကေအိုင်စီပြည်ပအခြေစိုက်6 နိုဝင်ဘာ 2026 16:51ထိုင်းနိုင်ငံအတွင်း နေထိုင်ခွင့်ကတ်များ အုန်းဖြန်ဒုက္ခသည်စခန်းတွင် စတင်ရိုက်ပေးပြီ
ပြောင်းလဲမှုမှတ်တမ်း
- 6 နိုဝင်ဘာ 2026 18:29Story published.
