
ကျန်းမာရေး · ကချင်ပြည်နယ်
မြစ်ကြီးနားမြို့တွင် တစ်လအတွင်း ပိုင်ရှင်မဲ့အလောင်းများ တွေ့ရှိ
3 နိုဝင်ဘာ 2026 18:31 မြန်မာစံတော်ချိန်
အကျဉ်းချုပ်
အတည်ပြုပြီး
သီးခြားလွတ်လပ်သော သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည်
သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည့် အချက်အလက် မရှိသေးပါ။
သတင်းဌာန တစ်ခုတည်းက ဖော်ပြထားသည်
အခြား သတင်းဌာနက မဖော်ပြသေးပါ။ မှားသည်ဟု မဆိုလိုပါ။
သေဆုံးသူများမှာ အသက် ၂၀ မှ ၄၀ ကျော်အရွယ်များဖြစ်ပြီး မိသားစုဝင်များကို ရှာမတွေ့သဖြင့် ပိုင်ရှင်မဲ့အအနေဖြင့် မီးသင်္ဂြိုဟ်ခဲ့ရသည်။
ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့တွင် အောက်တိုဘာလအတွင်း ပိုင်ရှင်မဲ့အလောင်း ၃ လောင်း တွေ့ရှိခဲ့သည်။
နောက်ဆုံးတစ်လောင်းကို အောက်တိုဘာ ၂၇ ရက်နေ့က စီတာပူရပ်ကွက် ဗလမင်းထင်တံတားအောက်တွင် တွေ့ရှိခဲ့သည်။
မြစ်ကြီးနားမြို့တွင် စစ်ဘေးရှောင်များနှင့် အိမ်ခြေရာမဲ့များ များပြားလာကာ မူးယစ်ဆေးဝါးသုံးစွဲမှုနှင့် အာဟာရချို့တဲ့မှုများကြောင့် သေဆုံးသူများ ပိုများလာကြောင်း ဒေသခံများနှင့် လူမှုကူညီရေးအသင်းများက ပြောဆိုသည်။
အဆိုပါ ပိုင်ရှင်မဲ့အလောင်းများထဲမှ တစ်လောင်းကို အောက်တိုဘာ ၃ ရက်နေ့တွင် မြစ်ကြီးနားမြို့ ရင်ခွဲရုံ၌လည်းကောင်း၊ နောက်တစ်လောင်းကို အောက်တိုဘာ ၂၄ ရက်နေ့တွင် ပြည်သူ့ဆေးရုံ၌လည်းကောင်း တွေ့ရှိခဲ့သည်။
အထက်ပါ အချက်များ၏ ရင်းမြစ် —ကချင်သတင်းဌာန
သတင်းရင်းမြစ်များ
အချိန်အလိုက် စီထားသည်။ ခေါင်းစဉ်များမှာ သတင်းဌာန၏ မူရင်းခေါင်းစဉ်များ ဖြစ်သည်။
- ကချင်သတင်းဌာနပြည်ပအခြေစိုက်3 နိုဝင်ဘာ 2026 18:31တစ်လအတွင်း ပိုင်ရှင်မဲ့အလောင်း ၃ လောင်းတွေ့ရှိ
ပြောင်းလဲမှုမှတ်တမ်း
- 3 နိုဝင်ဘာ 2026 21:03Story published.
