Dipa News
22 နိုဝင်ဘာ 2026 · မြန်မာစံတော်ချိန်
Photo —မောင်းပြည်ပအခြေစိုက်

တိုက်ပွဲ

ထိုင်းရောက်မြန်မာလုပ်သားများအတွက် NUG အသိအမှတ်ပြု အထောက်အထားထုတ်ပေးရေး လူထုစစ်တမ်းရလဒ်ကို သံအမတ်ကြီး ဦးကျော်မိုးထွန်းထံ ပေးပို့မည်

14 နိုဝင်ဘာ 2026 21:23 မြန်မာစံတော်ချိန်

သတင်းဌာန တစ်ခုတည်းက ဖော်ပြထားသည်
သီးခြားရင်းမြစ် 0

ထုတ်ပြန်ချက်ကို ပထမဆုံး ဖော်ပြသူ 1 ခု

ထုတ်ပြန်ချက်ကို ထပ်ဆင့်ကိုးကားဖော်ပြသည့် သတင်းဌာနကို လွတ်လပ်သော သတင်းရင်းမြစ်တစ်ခုအဖြစ် မသတ်မှတ်ပါ။

အကျဉ်းချုပ်

အတည်ပြုပြီး

သီးခြားလွတ်လပ်သော သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည်

သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည့် အချက်အလက် မရှိသေးပါ။

သတင်းဌာန တစ်ခုတည်းက ဖော်ပြထားသည်

အခြား သတင်းဌာနက မဖော်ပြသေးပါ။ မှားသည်ဟု မဆိုလိုပါ။

ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများအတွက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) က အထောက်အထား ထုတ်ပေးနိုင်ရေး လူထုသဘောထားစစ်တမ်း ကောက်ယူခဲ့ရာ နိုဝင်ဘာလ ၈ ရက်နေ့အထိ ပါဝင်ဖြေဆိုသူ ၃,၀၃၆,၄၂၆ ဦး ရှိခဲ့သည်ဟု ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများကိုယ်စားပြု ညှိနှိုင်းရေးကော်မတီ (MMWRCCT) က ထုတ်ပြန်သည်။

စစ်ကောင်စီ၏ CI နှင့် ပတ်စပို့များအစား ပန်းရောင်ကတ် (Pink Card) နှင့် အလုပ်လုပ်ခွင့် (Work Permit) တို့ကို အသုံးပြု၍ ထိုင်းနိုင်ငံအတွင်း တရားဝင်ယာယီနေထိုင်ခွင့်ပြုရန်နှင့် ဗီဇာကြေးနှင့် အခွန်များကို ထိုင်းအစိုးရထံ တိုက်ရိုက်ပေးဆောင်ခွင့်ပြုရန် MMWRCCT က အောက်တိုဘာလ ၂၆ ရက်နေ့က တောင်းဆိုခဲ့သည်။

ကောက်ယူရရှိခဲ့သည့် လူထုစစ်တမ်း အချက်အလက်များကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ထံ ပေးပို့ပြီးဖြစ်ကာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းထံ ဆက်လက်ပေးပို့ကာ ကုလသမဂ္ဂတွင် တောင်းဆိုမှုများ ပြုလုပ်သွားမည်ဟု ထိုင်းနိုင်ငံရောက် မြန်မာရွှေ့ပြောင်းလုပ်သားများကိုယ်စားပြု ညှိနှိုင်းရေးကော်မတီ (MMWRCCT) က ပြောကြားသည်။

အထက်ပါ အချက်များ၏ ရင်းမြစ် —မောင်း

သတင်းရင်းမြစ်များ

အချိန်အလိုက် စီထားသည်။ ခေါင်းစဉ်များမှာ သတင်းဌာန၏ မူရင်းခေါင်းစဉ်များ ဖြစ်သည်။

ပြောင်းလဲမှုမှတ်တမ်း

  • 14 နိုဝင်ဘာ 2026 18:07Story published.

Share

အမှား သတင်းပို့ရန်

အီးမေးလ် မဖြည့်ပါက သင်နှင့် ပတ်သက်သည့် အချက်အလက် တစ်စုံတစ်ရာ မသိမ်းဆည်းပါ။

နေ့စဉ်သတင်းလွှာ

မနေ့က မြန်မာသတင်းများကို နံနက် 07:00 (Yangon အချိန်) တွင် သင့်အီးမေးလ်ထဲ ပို့ပေးပါမည်။

အခမဲ့ ဖြစ်ပါသည်။ အကောင့် မလိုအပ်ပါ။

မနေ့က အီးမေးလ်တွင် ပါဝင်ခဲ့သည်

  • မြန်မာနိုင်ငံအပေါ် ICJ ၏ စီရင်ချက် ထွက်ပေါ်လာမည်
  • မြန်မာနိုင်ငံအပေါ် ICJ ၏ လူမျိုးသုဉ်းသတ်ဖြတ်မှု စီရင်ချက်နှင့် အစ္စရေးအပေါ် သက်ရောက်နိုင်ခြေ

နေ့စဉ် တစ်ကြိမ် ပို့ပါမည်။ သင့်အီးမေးလ်၊ အချိန်ဇုန်၊ စာရင်းသွင်းသည့်ရက်နှင့် အတည်ပြုသည့်ရက်ကိုသာ သိမ်းဆည်းပါသည်။ အတည်မပြုပါက 48 နာရီအကြာတွင် ဖျက်ပါသည်။