Dipa News
28 နိုဝင်ဘာ 2026 · မြန်မာစံတော်ချိန်

စီးပွားရေး · ကချင်ပြည်နယ်

နယ်စပ်နေတိုင်းရင်းသားဒေသများအပေါ် တရုတ်၏ ကုန်စည်ကန့်သတ်မှု ဖြေလျော့

31 အောက်တိုဘာ 2026 13:10 မြန်မာစံတော်ချိန်

သတင်းဌာန တစ်ခုတည်းက ဖော်ပြထားသည်
သီးခြားရင်းမြစ် 1

ပထမဆုံး သီးခြားဖော်ပြသူ 1 ခု

အကျဉ်းချုပ်

အတည်ပြုပြီး

သီးခြားလွတ်လပ်သော သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည်

သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည့် အချက်အလက် မရှိသေးပါ။

သတင်းဌာန တစ်ခုတည်းက ဖော်ပြထားသည်

အခြား သတင်းဌာနက မဖော်ပြသေးပါ။ မှားသည်ဟု မဆိုလိုပါ။

တိုင်းရင်းသားလက်နက်ကိုင်ဂိတ်များမှ ကုန်များ သယ်ယူနိုင်သော်လည်း နိုင်ငံအတွင်းပိုင်းသို့ ဆက်လက်သယ်ယူရာတွင် စစ်တပ်၏ ထိန်းချုပ်မှုများကြောင့် ကုန်စည်စီးဆင်းမှု ပုံမှန်ပြန်မဖြစ်သေးကြောင်း ဒေသခံများနှင့် ကုန်စည်သယ်ယူပို့ဆောင်ရေး လုပ်ငန်းရှင်များက ပြောသည်။

အာဏာသိမ်းအစိုးရက အမေရိကန်နှင့် ဆက်ဆံရေးပြန်စရန် ကြိုးပမ်းလာချိန်တွင် တရုတ်က တိုင်းရင်းသားလက်နက်ကိုင်နယ်မြေများသို့ ယခင်ပို့ခွင့်ပိတ်ထားသည့် ကုန်စည်များကို ဤလ တတိယအပတ်မှစ၍ ပြန်လည်ပို့ခွင့်ပြုခဲ့သည်။

လူသုံးကုန်၊ စားသောက်ကုန်၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ လျှပ်စစ်ပစ္စည်း၊ လောင်စာဆီ၊ ယမ်း၊ ဓာတုပစ္စည်းနှင့် ဆေးဝါးအချို့ကို နယ်စပ်ဂိတ်အလိုက် ပြန်လည်တင်သွင်းခွင့်ပြုလာကြောင်း ဒေသခံများနှင့် ကုန်သည်များက ပြောသည်။

တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်သည့် နယ်စပ်ကုန်သွယ်ရေးလမ်းကြောင်းများမှ ငွေကြေးပေး၍ ကုန်စည်သယ်ပို့နေခြင်းက သူခိုးဓားရိုးကမ်းသကဲ့သို့ ဖြစ်နေကြောင်း အောက်တိုဘာ ၂၈ ရက် နေပြည်တော်အစည်းအဝေးတွင် မင်းအောင်လှိုင်က ပြောဆိုပြီး တရားမဝင်ကုန်များအဖြစ် သတ်မှတ်ကာ ဖမ်းဆီးမှုများ ပြုလုပ်နေသည်။

တိုင်းရင်းသားလက်နက်ကိုင်များ ထိန်းချုပ်ထားသည့် မူဆယ်တွင် ကျင်စန်းကျော့ဂိတ်ပေါက်ကိုသာ ဖွင့်ပေးထားပြီး စစ်အုပ်စု ထိန်းချုပ်နိုင်သည့် မူဆယ်ဆင်ဖြူဂိတ်နှင့် နန်းတော်ဂိတ်တို့တွင် တင်းကျပ်ထားဆဲဖြစ်ကြောင်း မူဆယ်ဒေသခံက ပြောသည်။

နမ့်ခမ်းနယ်စပ်ဂိတ်ကို အပြည့်အဝ ပြန်လည်ဖွင့်လှစ်နိုင်ခြင်း မရှိသေးသော်လည်း ဒေသခံပြည်သူများ စားဝတ်နေရေး အဆင်ပြေစေရန် အစားအသောက်နှင့် လူသုံးကုန်ပစ္စည်းများကိုသာ တင်သွင်းနေကြောင်း PSLF/TNLA ပြောရေးဆိုခွင့်ရှိသူက ပြောသည်။

ကိုးကန့်၊ ပလောင်နှင့် ကချင်တို့ သိမ်းပိုက်ခဲ့သည့် နယ်စပ်ကုန်သွယ်ရေးဂိတ်များနှင့် လမ်းကြောင်းများကို အသုံးပြုကာ တိုင်းရင်းသားလက်နက်ကိုင်များ ကုန်သွယ်ခွင့်မရရန် စစ်အုပ်စုက တောင်းဆိုခဲ့သဖြင့် တရုတ်က ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်း၊ စက်ယန္တရား၊ လျှပ်စစ်ပစ္စည်း၊ လောင်စာဆီ၊ ဆေးဝါးနှင့် ဖောက်ခွဲရေးသုံး ဓာတုပစ္စည်းများကို တင်သွင်းခွင့်ပိတ်ထားခဲ့သည်။

အထက်ပါ အချက်များ၏ ရင်းမြစ် —ဧရာဝတီ

သတင်းရင်းမြစ်များ

အချိန်အလိုက် စီထားသည်။ ခေါင်းစဉ်များမှာ သတင်းဌာန၏ မူရင်းခေါင်းစဉ်များ ဖြစ်သည်။

ပြောင်းလဲမှုမှတ်တမ်း

  • 1 နိုဝင်ဘာ 2026 04:08Story published.

Share

အမှား သတင်းပို့ရန်

အီးမေးလ် မဖြည့်ပါက သင်နှင့် ပတ်သက်သည့် အချက်အလက် တစ်စုံတစ်ရာ မသိမ်းဆည်းပါ။

နေ့စဉ်သတင်းလွှာ

မနေ့က မြန်မာသတင်းများကို နံနက် 07:00 (Yangon အချိန်) တွင် သင့်အီးမေးလ်ထဲ ပို့ပေးပါမည်။

အခမဲ့ ဖြစ်ပါသည်။ အကောင့် မလိုအပ်ပါ။

နေ့စဉ် တစ်ကြိမ် ပို့ပါမည်။ သင့်အီးမေးလ်၊ အချိန်ဇုန်၊ စာရင်းသွင်းသည့်ရက်နှင့် အတည်ပြုသည့်ရက်ကိုသာ သိမ်းဆည်းပါသည်။ အတည်မပြုပါက 48 နာရီအကြာတွင် ဖျက်ပါသည်။