Dipa News
22 နိုဝင်ဘာ 2026 · မြန်မာစံတော်ချိန်
Photo —Zalen Mediaပြည်ပအခြေစိုက်

လူ့အခွင့်အရေး · စစ်ကိုင်းတိုင်း

မိုးရေးမြို့တွင် မော်တော်ဆိုင်ကယ်ပျောက်ဆုံးမှုများ၌ တမူးပျူစောထီးများ ပါဝင်ပတ်သက်

15 အောက်တိုဘာ 2026 19:55 မြန်မာစံတော်ချိန်

သတင်းဌာန တစ်ခုတည်းက ဖော်ပြထားသည်
သီးခြားရင်းမြစ် 1

ပထမဆုံး သီးခြားဖော်ပြသူ 1 ခု

အကျဉ်းချုပ်

အတည်ပြုပြီး

သီးခြားလွတ်လပ်သော သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည်

သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည့် အချက်အလက် မရှိသေးပါ။

သတင်းဌာန တစ်ခုတည်းက ဖော်ပြထားသည်

အခြား သတင်းဌာနက မဖော်ပြသေးပါ။ မှားသည်ဟု မဆိုလိုပါ။

မိုးရေးမြို့နှင့် အနီးတဝိုက်တွင် မော်တော်ဆိုင်ကယ် ပျောက်ဆုံးမှုများပြားနေပြီး အထူးသဖြင့် စစ်ဘေးရှောင်များ၏ ဆိုင်ကယ်များ အဓိက ပျောက်ဆုံးနေသည်ဟု စစ်ရှောင်များက ပြောသည်။

ပြီးခဲ့သည့်လက မိုးရေးမြို့တွင် တမူးပျူစောထီး နှစ်ဦး လူနေအိမ်များကို ဖောက်ထွင်းပြီး ပစ္စည်းခိုးယူရန် ကြိုးစားစဉ် ဒေသခံလူငယ်များက ဝိုင်းဝန်းဖမ်းဆီးခဲ့ရာ တမူးမြို့မှ ပျူစောထီးခေါင်းဆောင်က လာရောက်ရွေးထုတ်ခဲ့ရသည်ဟု ဆိုသည်။

မိုးရေးမြို့မှ မော်တော်ဆိုင်ကယ် ပျောက်ဆုံးမှုများတွင် တမူးမြို့ရှိ စစ်ကောင်စီလက်အောက်ခံ ပျူစောထီးများက နောက်ကွယ်မှ ပါဝင်ပတ်သက်နေပြီး ဆေးစွဲသူများကို သူခိုးဂိုဏ်းသဖွယ် မွေးမြူကာ ခိုးယူလာသည့် ဆိုင်ကယ်များနှင့် ပစ္စည်းများကို ဈေးနှိမ်ဝယ်ယူကာ အခြားနယ်ဘက်သို့ တင်ပို့ရောင်းချနေသည်ဟု စစ်ရှောင်များက ပြောသည်။

အထက်ပါ အချက်များ၏ ရင်းမြစ် —Zalen Media

သတင်းရင်းမြစ်များ

အချိန်အလိုက် စီထားသည်။ ခေါင်းစဉ်များမှာ သတင်းဌာန၏ မူရင်းခေါင်းစဉ်များ ဖြစ်သည်။

ပြောင်းလဲမှုမှတ်တမ်း

  • 15 အောက်တိုဘာ 2026 21:28Story published.

Share

အမှား သတင်းပို့ရန်

အီးမေးလ် မဖြည့်ပါက သင်နှင့် ပတ်သက်သည့် အချက်အလက် တစ်စုံတစ်ရာ မသိမ်းဆည်းပါ။

နေ့စဉ်သတင်းလွှာ

မနေ့က မြန်မာသတင်းများကို နံနက် 07:00 (Yangon အချိန်) တွင် သင့်အီးမေးလ်ထဲ ပို့ပေးပါမည်။

အခမဲ့ ဖြစ်ပါသည်။ အကောင့် မလိုအပ်ပါ။

မနေ့က အီးမေးလ်တွင် ပါဝင်ခဲ့သည်

  • မြန်မာနိုင်ငံအပေါ် ICJ ၏ စီရင်ချက် ထွက်ပေါ်လာမည်
  • မြန်မာနိုင်ငံအပေါ် ICJ ၏ လူမျိုးသုဉ်းသတ်ဖြတ်မှု စီရင်ချက်နှင့် အစ္စရေးအပေါ် သက်ရောက်နိုင်ခြေ

နေ့စဉ် တစ်ကြိမ် ပို့ပါမည်။ သင့်အီးမေးလ်၊ အချိန်ဇုန်၊ စာရင်းသွင်းသည့်ရက်နှင့် အတည်ပြုသည့်ရက်ကိုသာ သိမ်းဆည်းပါသည်။ အတည်မပြုပါက 48 နာရီအကြာတွင် ဖျက်ပါသည်။