Dipa News
22 နိုဝင်ဘာ 2026 · မြန်မာစံတော်ချိန်
Photo —မောင်းပြည်ပအခြေစိုက်

တိုက်ပွဲ · မကွေးတိုင်း

မြိုင်နှင့် ပခုက္ကူမြို့နယ်ရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းဖြင့် ဗုံးကျဲ

28 အောက်တိုဘာ 2026 11:05 မြန်မာစံတော်ချိန်

သီးခြားရင်းမြစ် 2

ပထမဆုံး သီးခြားဖော်ပြသူ 2 ခု

ထုတ်ပြန်ချက်ကို ထပ်ဆင့်ကိုးကားဖော်ပြသည့် သတင်းဌာနကို လွတ်လပ်သော သတင်းရင်းမြစ်တစ်ခုအဖြစ် မသတ်မှတ်ပါ။

အကျဉ်းချုပ်

အတည်ပြုပြီး

သီးခြားလွတ်လပ်သော သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည်

သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည့် အချက်အလက် မရှိသေးပါ။

သတင်းဌာန တစ်ခုတည်းက ဖော်ပြထားသည်

အခြား သတင်းဌာနက မဖော်ပြသေးပါ။ မှားသည်ဟု မဆိုလိုပါ။

အနီးရှိကျေးရွာဘက်သို့ စစ်တပ်စစ်ကြောင်း ရောက်ရှိနေသဖြင့် ဒေသခံများ ကြိုတင်တိမ်းရှောင်နိုင်ခဲ့ကြရာ အောက်တိုဘာ ၂၅ ရက် တိုက်ခိုက်မှုအတွင်း လူထိခိုက်သေဆုံးမှု မရှိခဲ့ပေ။

ခေတ်သစ်မီဒီယာမဇ္ဈိမ

အောက်တိုဘာလ ၂၅ ရက်နေ့ ညနေပိုင်းက ပခုက္ကူမြို့နယ် သစ်ပုလွေကုန်းကျေးရွာရှိ ဘုန်းကြီးကျောင်းကို ဂျိုင်ရိုကော်ပတာများနှင့် ဂျက်ဖိုက်တာတို့ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ပြီး ကျွဲ၊ နွား ၃ ကောင် သေဆုံးကာ လျှပ်စစ်ထရန်စဖော်မာ ထိမှန်ပျက်စီးခဲ့သည်။

ခေတ်သစ်မီဒီယာမဇ္ဈိမ

မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် ပခုက္ကူမြို့နယ်အတွင်းရှိ ကျေးရွာများကို စစ်ကောင်စီက လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်းများ၊ နေအိမ်များနှင့် စျေးဆိုင်များ ထိခိုက်ပျက်စီးခဲ့ပြီး ဒေသခံပြည်သူ ထောင်နှင့်ချီကာ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေရသည်။

ခေတ်သစ်မီဒီယာမဇ္ဈိမ

တိုက်ခိုက်ခံရသည့်အချိန်တွင် ကျေးရွာအတွင်း တိုက်ပွဲဖြစ်ပွားခြင်း မရှိသလို တော်လှန်ရေးတပ်ဖွဲ့များ စခန်းချထားခြင်းလည်း မရှိဘဲ အရပ်သားများကို ပစ်မှတ်ထား ဗုံးကျဲခြင်းဖြစ်သည်ဟု အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က ဆိုသည်။

ခေတ်သစ်မီဒီယာမဇ္ဈိမ

အောက်တိုဘာ ၂၄ ရက်က မြိုင်မြို့နယ်ကို လေကြောင်းဖြင့် ဗုံးကြဲခဲ့သဖြင့် အရပ်သား သုံးဦး သေဆုံးပြီး ကလေးငယ် သုံးဦး ဒဏ်ရာရရှိခဲ့ကာ၊ အောက်တိုဘာ ၁၈ ရက်ကလည်း ပခုက္ကူမြို့နယ် ကမ္မမြို့ အုန်းတောရွာ လေကြောင်းတိုက်ခိုက်ခံရမှုတွင် ကလေးတစ်ဦး အပါအဝင် ဒေသခံ ခြောက်ဦး သေဆုံးခဲ့သည်။

မဇ္ဈိမ

အောက်တိုဘာ ၂၁ ရက်နေ့ကလည်း မြိုင်မြို့နယ် သာစည်ကျေးရွာရှိ ဘုန်းကြီးကျောင်းကို ဂျိုင်ရိုကော်ပတာများဖြင့် လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ဘုန်းကြီးကျောင်း ထိခိုက်ပျက်စီးခဲ့သည်။

ခေတ်သစ်မီဒီယာမဇ္ဈိမ

ဘုန်းကြီးကျောင်းများကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်ဖျက်ဆီးနေသဖြင့် အားလုံးသတိရှိနေကြရန်နှင့် လေကြောင်းရန် အထူးဂရုစိုက်ကြရန် အညာမြေ အရပ်ဖက်လူမှုအဖွဲ့အစည်း-မြိုင်က တိုက်တွန်းနှိုးဆော်ထားသည်။

မဇ္ဈိမ

သတင်းရင်းမြစ်များ

အချိန်အလိုက် စီထားသည်။ ခေါင်းစဉ်များမှာ သတင်းဌာန၏ မူရင်းခေါင်းစဉ်များ ဖြစ်သည်။

ကျန် တစ်ခုကို ကြည့်ရန်

ပြောင်းလဲမှုမှတ်တမ်း

  • 27 အောက်တိုဘာ 2026 13:33Story published.

Share

အမှား သတင်းပို့ရန်

အီးမေးလ် မဖြည့်ပါက သင်နှင့် ပတ်သက်သည့် အချက်အလက် တစ်စုံတစ်ရာ မသိမ်းဆည်းပါ။

နေ့စဉ်သတင်းလွှာ

မနေ့က မြန်မာသတင်းများကို နံနက် 07:00 (Yangon အချိန်) တွင် သင့်အီးမေးလ်ထဲ ပို့ပေးပါမည်။

အခမဲ့ ဖြစ်ပါသည်။ အကောင့် မလိုအပ်ပါ။

မနေ့က အီးမေးလ်တွင် ပါဝင်ခဲ့သည်

  • မြန်မာနိုင်ငံအပေါ် ICJ ၏ စီရင်ချက် ထွက်ပေါ်လာမည်
  • မြန်မာနိုင်ငံအပေါ် ICJ ၏ လူမျိုးသုဉ်းသတ်ဖြတ်မှု စီရင်ချက်နှင့် အစ္စရေးအပေါ် သက်ရောက်နိုင်ခြေ

နေ့စဉ် တစ်ကြိမ် ပို့ပါမည်။ သင့်အီးမေးလ်၊ အချိန်ဇုန်၊ စာရင်းသွင်းသည့်ရက်နှင့် အတည်ပြုသည့်ရက်ကိုသာ သိမ်းဆည်းပါသည်။ အတည်မပြုပါက 48 နာရီအကြာတွင် ဖျက်ပါသည်။