
တိုက်ပွဲ · မန္တလေးတိုင်း
ရှမ်းမြောက်ဒေသ အုပ်ချုပ်ရေးနှင့် ဘာသာစကားဆိုင်ရာ MNDAA နှင့် SSJAC တို့အကြား အငြင်းပွား
1 နိုဝင်ဘာ 2026 09:42 မြန်မာစံတော်ချိန်
အကျဉ်းချုပ်
အတည်ပြုပြီး
သီးခြားလွတ်လပ်သော သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည်
သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည့် အချက်အလက် မရှိသေးပါ။
သတင်းဌာန တစ်ခုတည်းက ဖော်ပြထားသည်
အခြား သတင်းဌာနက မဖော်ပြသေးပါ။ မှားသည်ဟု မဆိုလိုပါ။
SSJAC ၏ ကန့်ကွက်ချက်အများစုကို ငြင်းဆိုထားပြီး တချို့အချက်များကို ဖြေရှင်းချက်ပေးထားသည့် တုံ့ပြန်စာကို ကိုးကန့်တပ်က ထုတ်ပြန်သည်။
အခြေခံစာသင်ကျောင်းများတွင် မြန်မာဘာသာကို မိခင်စကားအနေဖြင့် သင်ကြားခိုင်းထားပြီး နိုင်ငံတကာကျောင်းများနှင့် တန်းတူ အင်္ဂလိပ်နှင့် တရုတ်ဘာသာစကားများကိုလည်း သင်ကြားသွားမည်ဟု ကိုးကန့်တပ်က ပြောဆိုသည်။
ရှမ်းပြည်နယ်မြောက်ပိုင်းတွင် ဒေသခံရှမ်းတိုင်းရင်းသားများ၏ အခြေခံရပိုင်ခွင့်နှင့် ယဉ်ကျေးမှုများ ခြိမ်းခြောက်လွှမ်းမိုးခံလာရသည်ဟု ရှမ်းပြည်ပူးပေါင်းဆောင်ရွက်ရေးကော်မတီ(SSJAC)က ကန့်ကွက်စာ ထုတ်ပြန်သည်။
သိန္နီနှင့် ကွတ်ခိုင်မြို့နယ်များရှိ ဆိုင်နာမည်နှင့် ဆိုင်းဘုတ်များတွင် တရုတ်ဘာသာစကားဖြင့် မရေးသားထားပါက ဒဏ်ကြေးပေးဆောင်ရသည်အထိ ဖိအားပေးမှုများရှိကြောင်း ဒေသခံတချို့က ပြောဆိုသည်။
ရုံးသုံးနှင့် အများပြည်သူနှင့် သက်ဆိုင်သည့်နေရာများတွင် တရုတ်ဘာသာစကားကို ဖိအားပေးသုံးခိုင်းသည်ဟု SSJAC က ပြောဆိုသည်။
ကိုးကန့်ခေါင်းဆောင် ဖုန်တာရွှင်သည် လောက်ကိုင်မြို့ မန်ခါးဘုန်းတော်ကြီးကျောင်းတွင် ကျင်းပသည့် သီတင်းကျွတ်ပွဲတော်သို့ တက်ရောက်ခဲ့သည်။
အထက်ပါ အချက်များ၏ ရင်းမြစ် —ဘီဘီစီ မြန်မာ
သတင်းရင်းမြစ်များ
အချိန်အလိုက် စီထားသည်။ ခေါင်းစဉ်များမှာ သတင်းဌာန၏ မူရင်းခေါင်းစဉ်များ ဖြစ်သည်။
- ဘီဘီစီ မြန်မာနိုင်ငံတကာ1 နိုဝင်ဘာ 2026 09:42ရှမ်းတွေ ကန့်ကွက်ချိန် ရှမ်းပွဲတက်တဲ့ ကိုးကန့်ခေါင်းဆောင်
ပြောင်းလဲမှုမှတ်တမ်း
- 1 နိုဝင်ဘာ 2026 12:05Story published.
