Dipa News
22 နိုဝင်ဘာ 2026 · မြန်မာစံတော်ချိန်
Photo —ကေအိုင်စီပြည်ပအခြေစိုက်

စီးပွားရေး · ကရင်ပြည်နယ်

မြဝတီမြို့ နဒီတံတားစစ်ဆေးရေးဂိတ်တွင် ထိုင်းကုန်စည်တင်ယာဥ်များထံမှ စစ်အုပ်စုက ဂိတ်ကြေးတောင်းခံ

5 နိုဝင်ဘာ 2026 15:52 မြန်မာစံတော်ချိန်

သတင်းဌာန တစ်ခုတည်းက ဖော်ပြထားသည်
သီးခြားရင်းမြစ် 1

ပထမဆုံး သီးခြားဖော်ပြသူ 1 ခု

အကျဉ်းချုပ်

အတည်ပြုပြီး

သီးခြားလွတ်လပ်သော သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည်

သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည့် အချက်အလက် မရှိသေးပါ။

သတင်းဌာန တစ်ခုတည်းက ဖော်ပြထားသည်

အခြား သတင်းဌာနက မဖော်ပြသေးပါ။ မှားသည်ဟု မဆိုလိုပါ။

ထိုင်းကုန်စည်ဝင်ရောက်လာသည့် ကရင်လက်နက်ကိုင်အဖွဲ့၏ တရားမဝင် ကမ်းကူးဂိတ်များကိုမူ စစ်အုပ်စုက ကင်းလွတ်ခွင့်ပေးထားသည်။

စက်တင်ဘာနှင့် အောက်တိုဘာလအတွင်းကလည်း မြဝတီမြို့ပေါ်ရှိ ဂိုထောင်များနှင့် နဒီတံတားတွင် စစ်အုပ်စုက ထိုင်းကုန်စည်၊ ယာဥ်နှင့် ယာဥ်ဝန်ထမ်းများကို ခလရ ၂၇၅ တပ်အတွင်း ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

နယ်စပ်မြို့ပေါ် ရပ်ကွက်များရှိ ကုန်သည်နေအိမ်များ၊ ဂိုထောင်များနှင့် ကုန်တင်ယာဥ်ထားရှိသည့်ခြံဝင်းများသို့ စစ်အုပ်စုနှင့် ကရင်လက်နက်ကိုင်အဖွဲ့ ပူးပေါင်းအင်အား ၁၀၀ ဝန်းကျင်ဖြင့် ထိုင်းကုန်စည်ဖမ်းဆီးမှုများ လုပ်ဆောင်နေသည်။

ဂိတ်ကြေးအများအပြား ပေးနေရခြင်းနှင့် စစ်အုပ်စု၏ ကန့်သတ်ချက်များကြောင့် ယာဥ်နှင့် လူပါ ဖမ်းဆီးသိမ်းဆည်းခံရကာ လုပ်ငန်းလုပ်ကိုင်ရန် အခက်တွေ့လာပြီး ရပ်ဆိုင်းရသည်အထိ ရှိလာသည်။

မြဝတီမြို့တွင် ထိုင်းကုန်အဖမ်းအဆီးနှင့် ဂိတ်ကြေးတောင်းမှုများကြောင့် ထိုင်းထုတ်စားသုံးဆီ တစ်လီတာလျှင် ကျပ်ငွေ ၅ ထောင်ဝန်းကျင် ရှိရာမှ ဖားအံနှင့် မော်လမြိုင်တွင် ၈ ထောင်ကျပ်မှ ၁ သောင်းကျပ်အထိ ဈေးပေးဝယ်ယူနေရသည်။

ဖမ်းဆီးခံရသူများနှင့် သိမ်းဆည်းပစ္စည်းများကို မည်သို့ကိုင်တွယ်နေသည်ကို ယနေ့ထိ မသိရသေးပေ။

မြဝတီမြို့ ရပ်ကွက် (၇) လမ်းပိုင်းရှိ နဒီတံတား စစ်ဆေးရေးဂိတ်တွင် လုံခြုံရေးအကြောင်းပြကာ ထိုင်းကုန်စည်တင်ယာဥ်များထံမှ ကျပ်ငွေ ၅ သောင်းမှ ၂၀ သိန်းအထိ စစ်အုပ်စုက ဂိတ်ကြေးတောင်းနေသည်။

အဆိုပါဂိတ်တွင် တပ်မ (၂၂) လက်အောက်ခံ မြဝတီမြို့စောင့်တပ် ခြေလျှင်တပ်ရင်း ခလရ-၂၇၅ တပ်ဖွဲ့ဝင်များ ပူးတွဲအထိုင်ချနေသည်။

အထက်ပါ အချက်များ၏ ရင်းမြစ် —ကေအိုင်စီ

သတင်းရင်းမြစ်များ

အချိန်အလိုက် စီထားသည်။ ခေါင်းစဉ်များမှာ သတင်းဌာန၏ မူရင်းခေါင်းစဉ်များ ဖြစ်သည်။

ပြောင်းလဲမှုမှတ်တမ်း

  • 5 နိုဝင်ဘာ 2026 18:09Story published.

Share

အမှား သတင်းပို့ရန်

အီးမေးလ် မဖြည့်ပါက သင်နှင့် ပတ်သက်သည့် အချက်အလက် တစ်စုံတစ်ရာ မသိမ်းဆည်းပါ။

နေ့စဉ်သတင်းလွှာ

မနေ့က မြန်မာသတင်းများကို နံနက် 07:00 (Yangon အချိန်) တွင် သင့်အီးမေးလ်ထဲ ပို့ပေးပါမည်။

အခမဲ့ ဖြစ်ပါသည်။ အကောင့် မလိုအပ်ပါ။

မနေ့က အီးမေးလ်တွင် ပါဝင်ခဲ့သည်

  • မြန်မာနိုင်ငံအပေါ် ICJ ၏ စီရင်ချက် ထွက်ပေါ်လာမည်
  • မြန်မာနိုင်ငံအပေါ် ICJ ၏ လူမျိုးသုဉ်းသတ်ဖြတ်မှု စီရင်ချက်နှင့် အစ္စရေးအပေါ် သက်ရောက်နိုင်ခြေ

နေ့စဉ် တစ်ကြိမ် ပို့ပါမည်။ သင့်အီးမေးလ်၊ အချိန်ဇုန်၊ စာရင်းသွင်းသည့်ရက်နှင့် အတည်ပြုသည့်ရက်ကိုသာ သိမ်းဆည်းပါသည်။ အတည်မပြုပါက 48 နာရီအကြာတွင် ဖျက်ပါသည်။