Dipa News
22 နိုဝင်ဘာ 2026 · မြန်မာစံတော်ချိန်
Photo —ဧရာဝတီတိုင်းမ်ပြည်ပအခြေစိုက်

တိုက်ပွဲ · ဧရာဝတီတိုင်း

ဗန်းမော်မြို့နယ်အတွင်း တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက စစ်ကြောင်းထိုးတိုက်ခိုက်မှုနှင့် လေကြောင်းတိုက်ခိုက်မှုများ လုပ်ဆောင်နေ

17 အောက်တိုဘာ 2026 00:23 မြန်မာစံတော်ချိန်

သတင်းဌာန တစ်ခုတည်းက ဖော်ပြထားသည်
သီးခြားရင်းမြစ် 1

ပထမဆုံး သီးခြားဖော်ပြသူ 1 ခု

အကျဉ်းချုပ်

အတည်ပြုပြီး

သီးခြားလွတ်လပ်သော သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည်

သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည့် အချက်အလက် မရှိသေးပါ။

သတင်းဌာန တစ်ခုတည်းက ဖော်ပြထားသည်

အခြား သတင်းဌာနက မဖော်ပြသေးပါ။ မှားသည်ဟု မဆိုလိုပါ။

စက်တင်ဘာ ၃ ရက်က ကမ်းကပ်နိုင်ခဲ့သည့် သင်္ဘောများမှ စစ်ကူနှင့် လက်နက်ခဲယမ်းများ ရရှိပြီးနောက် စစ်ကောင်စီက ဗန်းမော်တိုက်ပွဲကို ပြန်လည်ပုံဖော်လာခြင်းဖြစ်ပြီး ပြီးခဲ့သည့်ရက်ပိုင်းက ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် စစ်ကောင်စီဘက်က အထိနာသွားခဲ့သည်။

မြို့၏အနောက်ဘက် မြစ်ကမ်းနားနီးနှင့် မြို့တွင်းနေရာတချို့ကို စစ်ကောင်စီဘက်က ပြန်လည်စိုးမိုးထားသော်လည်း မြို့အစွန်ပိုင်းဒေသများဖြစ်သည့် ကုန်းမဟတ်နှင့် ဟန်တဲဘက်တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။

ဗန်းမော်မြို့ကို ပြန်လည်ထိန်းချုပ်နိုင်ရန် စစ်ကောင်စီက စစ်ကြောင်း ငါးကြောင်းဖြင့် ထိုးစစ်ဆင်တိုက်ခိုက်လျက်ရှိရာ KIA ပူးပေါင်းတပ်ဖွဲ့တို့နှင့် တိုက်ပွဲများ ဆက်လက်ပြင်းထန်နေသည်။

ကုန်းမဟတ်ဘက်တွင် တိုက်ပွဲများ ပိုမိုပြင်းထန်နေပြီး ခလရ ၄၇ ဘက်မှလည်း တပ်များဖြန့်ထွက်လာကြောင်း သတင်းရင်းမြစ်က ပြောကြားသည်။

အောက်တိုဘာ ၁၄ ရက်နှင့် ၁၅ ရက်တို့တွင် စစ်ကောင်စီသည် ဗန်းမော်တက္ကသိုလ်ဘက်မှ တာမိုင်းလုံနှင့် မိုးမောက်သွားလမ်းဆီသို့ စစ်ကြောင်း သုံးကြောင်း၊ သင်္ချိုင်းကုန်းနှင့် ဆင်ကုန်းရပ်ကွက်ဘက်မှ ကုန်းမဟတ်ရပ်ကွက်ဘက်သို့ စစ်ကြောင်း နှစ်ကြောင်းဖြင့် ထိုးစစ်ဆင်ခဲ့သည်။

အောက်တိုဘာ ၁၆ ရက်အထိ တိုက်ပွဲများ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီက ဂျက်ဖိုက်တာ သုံးစီးဖြင့် ဗန်းမော်နယ်ထဲသို့ လေကြောင်းမှ တိုက်ခိုက်ခဲ့သည်။

အထက်ပါ အချက်များ၏ ရင်းမြစ် —ဧရာဝတီတိုင်းမ်

သတင်းရင်းမြစ်များ

အချိန်အလိုက် စီထားသည်။ ခေါင်းစဉ်များမှာ သတင်းဌာန၏ မူရင်းခေါင်းစဉ်များ ဖြစ်သည်။

ပြောင်းလဲမှုမှတ်တမ်း

  • 17 အောက်တိုဘာ 2026 01:58Story published.

Share

အမှား သတင်းပို့ရန်

အီးမေးလ် မဖြည့်ပါက သင်နှင့် ပတ်သက်သည့် အချက်အလက် တစ်စုံတစ်ရာ မသိမ်းဆည်းပါ။

နေ့စဉ်သတင်းလွှာ

မနေ့က မြန်မာသတင်းများကို နံနက် 07:00 (Yangon အချိန်) တွင် သင့်အီးမေးလ်ထဲ ပို့ပေးပါမည်။

အခမဲ့ ဖြစ်ပါသည်။ အကောင့် မလိုအပ်ပါ။

မနေ့က အီးမေးလ်တွင် ပါဝင်ခဲ့သည်

  • မြန်မာနိုင်ငံအပေါ် ICJ ၏ စီရင်ချက် ထွက်ပေါ်လာမည်
  • မြန်မာနိုင်ငံအပေါ် ICJ ၏ လူမျိုးသုဉ်းသတ်ဖြတ်မှု စီရင်ချက်နှင့် အစ္စရေးအပေါ် သက်ရောက်နိုင်ခြေ

နေ့စဉ် တစ်ကြိမ် ပို့ပါမည်။ သင့်အီးမေးလ်၊ အချိန်ဇုန်၊ စာရင်းသွင်းသည့်ရက်နှင့် အတည်ပြုသည့်ရက်ကိုသာ သိမ်းဆည်းပါသည်။ အတည်မပြုပါက 48 နာရီအကြာတွင် ဖျက်ပါသည်။