
တိုက်ပွဲ · မန္တလေးတိုင်း
စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့ပတ်လည် ကျေးရွာများကို စစ်ကောင်စီတပ် စီးနင်းလုယက်နေ
10 နိုဝင်ဘာ 2026 13:29 မြန်မာစံတော်ချိန်
အကျဉ်းချုပ်
အတည်ပြုပြီး
သီးခြားလွတ်လပ်သော သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည်
သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည့် အချက်အလက် မရှိသေးပါ။
သတင်းဌာန တစ်ခုတည်းက ဖော်ပြထားသည်
အခြား သတင်းဌာနက မဖော်ပြသေးပါ။ မှားသည်ဟု မဆိုလိုပါ။
ယင်းမာပင်မြို့နယ်အတွင်း စစ်ကောင်စီတပ်က ကျေးရွာများကို နေ့စဉ်စီးနင်းကာ ပစ္စည်းများ လုယက်ခြင်းနှင့် ရန်ပြုခြင်းတို့ နှစ်လခွဲကျော်ကြာ ပြုလုပ်နေသဖြင့် ဒေသခံများ မိုးထဲရေထဲတွင် ထွက်ပြေးတိမ်းရှောင်နေရသည်။
စစ်ကောင်စီတပ်၏ ရန်ကြောင့် နှောရိုး၊ ကောင်းဆင့်၊ ရွာသာယာ၊ မြေကြက်ဆူ၊ မြို့ကြီး၊ ရွာထောင်၊ နုံးကြီး၊ မြို့ပေါ်၊ လက်လှုပ်၊ ပြောင်းပြာ၊ စားတော်ပြင်၊ ရုံးလေးပင်၊ ယင်းမာပင်စု၊ တမာပင်ခွ၊ မင်းကံကြီး၊ မင်းကံတိုက်၊ မြို့သစ်၊ ငါးမောင်း၊ လည်ငေါက်၊ လက်တောင်းငယ်နှင့် တက္ကပြု စသည့် ကျေးရွာများမှ ဒေသခံများ ထွက်ပြေးနေကြရသည်။
လာမည့် ဧပြီလတွင် ယင်းမာပင်နယ်အတွင်း ရွေးကောက်ပွဲပြုလုပ်မည်ဟု စစ်ကောင်စီက ကြေညာထားသည်။
နိုဝင်ဘာ ၆ ရက်က ယင်းမာပင်မြို့ထဲမှ ထွက်လာသည့် စစ်ကောင်စီတပ်ဖွဲ့သည် ရုံးလေးပင်၊ ပြောင်းပြာနှင့် လက်လှုပ်ကျေးရွာ သုံးရွာအထိ ဝင်ရောက်စီးနင်း လုယက်ခဲ့သည်။
အထက်ပါ အချက်များ၏ ရင်းမြစ် —Mandalay Free Press (MFP)
သတင်းရင်းမြစ်များ
အချိန်အလိုက် စီထားသည်။ ခေါင်းစဉ်များမှာ သတင်းဌာန၏ မူရင်းခေါင်းစဉ်များ ဖြစ်သည်။
- Mandalay Free Press (MFP)ပြည်ပအခြေစိုက်10 နိုဝင်ဘာ 2026 13:29မုန်တိုင်းမိုးထဲ ထွက်ပြေးရှောင်တိမ်းနေရတဲ့ ယင်းမာပင်က ပြည်သူတွေ၊
ပြောင်းလဲမှုမှတ်တမ်း
- 10 နိုဝင်ဘာ 2026 15:16Story published.
