Dipa News
22 နိုဝင်ဘာ 2026 · မြန်မာစံတော်ချိန်
Photo —LuduNwayOo (People’s Spring)ပြည်ပအခြေစိုက်

တိုက်ပွဲ · ရခိုင်ပြည်နယ်

ကျောက်တော်မြို့ပေါ်ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းအား စစ်ကောင်စီ လေကြောင်းဖြင့် ဗုံးကြဲ

18 နိုဝင်ဘာ 2026 10:29 မြန်မာစံတော်ချိန်

သတင်းဌာန တစ်ခုတည်းက ဖော်ပြထားသည်
သီးခြားရင်းမြစ် 1

ပထမဆုံး သီးခြားဖော်ပြသူ 1 ခု

အကျဉ်းချုပ်

အတည်ပြုပြီး

သီးခြားလွတ်လပ်သော သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည်

သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည့် အချက်အလက် မရှိသေးပါ။

သတင်းဌာန တစ်ခုတည်းက ဖော်ပြထားသည်

အခြား သတင်းဌာနက မဖော်ပြသေးပါ။ မှားသည်ဟု မဆိုလိုပါ။

စစ်ရေးနှင့် မသက်ဆိုင်သည့် ဆေးရုံ၊ ကျေးရွာ၊ စစ်ဘေးရှောင်စခန်းနှင့် လမ်းတံတားများကို စစ်ကောင်စီက ဆက်တိုက်ပစ်မှတ်ထား တိုက်ခိုက်နေကြောင်း AA ပြောရေးဆိုခွင့်ရှိသူက ပြောကြားသည်။

ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကျောင်းဆောင်တစ်ဆောင်လုံးနီးပါး ပျက်စီးခဲ့ပြီး အနီးနေထိုင်သူ ဒေသခံတစ်ဦး နှလုံးရပ်ကာ သေဆုံးခဲ့သည်။

ကျောက်တော်မြို့ပေါ်ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းနှင့် အနီးဝန်းကျင်နေရာများကို စစ်ကောင်စီက ဂျက်ဖိုက်တာသုံးစီးဖြင့် ဗုံး ၅ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့သည်။

စစ်ကောင်စီသည် ၎င်းတို့လက်လွှတ်ထားရသော တောင်ကုတ်မြို့ပေါ်ရှိ တောင်ကုတ်တက္ကသိုလ်အတွက် ကျောင်းသားများ ခေါ်ယူခဲ့ဖူးသကဲ့သို့ AA ထိန်းချုပ်ထားသည့် ကျောက်တော်မြို့ရှိ စိုက်ပျိုးရေးသိပ္ပံကျောင်းတွင် တက်ရောက်မည့် ကျောင်းသားများ၏ အမည်စာရင်းကိုလည်း ပြီးခဲ့သည့်ရက်ပိုင်းက ထုတ်ပြန်ခဲ့သေးသည်။

အထက်ပါ အချက်များ၏ ရင်းမြစ် —LuduNwayOo (People’s Spring)

သတင်းရင်းမြစ်များ

အချိန်အလိုက် စီထားသည်။ ခေါင်းစဉ်များမှာ သတင်းဌာန၏ မူရင်းခေါင်းစဉ်များ ဖြစ်သည်။

ပြောင်းလဲမှုမှတ်တမ်း

  • 18 နိုဝင်ဘာ 2026 13:30Story published.

Share

အမှား သတင်းပို့ရန်

အီးမေးလ် မဖြည့်ပါက သင်နှင့် ပတ်သက်သည့် အချက်အလက် တစ်စုံတစ်ရာ မသိမ်းဆည်းပါ။

နေ့စဉ်သတင်းလွှာ

မနေ့က မြန်မာသတင်းများကို နံနက် 07:00 (Yangon အချိန်) တွင် သင့်အီးမေးလ်ထဲ ပို့ပေးပါမည်။

အခမဲ့ ဖြစ်ပါသည်။ အကောင့် မလိုအပ်ပါ။

မနေ့က အီးမေးလ်တွင် ပါဝင်ခဲ့သည်

  • မြန်မာနိုင်ငံအပေါ် ICJ ၏ စီရင်ချက် ထွက်ပေါ်လာမည်
  • မြန်မာနိုင်ငံအပေါ် ICJ ၏ လူမျိုးသုဉ်းသတ်ဖြတ်မှု စီရင်ချက်နှင့် အစ္စရေးအပေါ် သက်ရောက်နိုင်ခြေ

နေ့စဉ် တစ်ကြိမ် ပို့ပါမည်။ သင့်အီးမေးလ်၊ အချိန်ဇုန်၊ စာရင်းသွင်းသည့်ရက်နှင့် အတည်ပြုသည့်ရက်ကိုသာ သိမ်းဆည်းပါသည်။ အတည်မပြုပါက 48 နာရီအကြာတွင် ဖျက်ပါသည်။