
တိုက်ပွဲ · ချင်းပြည်နယ်
ယောနှင့် ချင်းတောင်အစပ် ရွှေအောင်သာရွာကို စစ်ကောင်စီ ထိန်းချုပ်
11 နိုဝင်ဘာ 2026 18:12 မြန်မာစံတော်ချိန်
- 10 နိုဝင်ဘာ 17:52Development Media Group (DMG)
- 11 နိုဝင်ဘာ 18:12ချင်းဝေါလ်ထုတ်ပြန်ချက်
ထုတ်ပြန်ချက်ကို ထပ်ဆင့်ကိုးကားဖော်ပြသည့် သတင်းဌာနကို လွတ်လပ်သော သတင်းရင်းမြစ်တစ်ခုအဖြစ် မသတ်မှတ်ပါ။
အကျဉ်းချုပ်
အတည်ပြုပြီး
သီးခြားလွတ်လပ်သော သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည်
သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည့် အချက်အလက် မရှိသေးပါ။
သတင်းဌာန တစ်ခုတည်းက ဖော်ပြထားသည်
အခြား သတင်းဌာနက မဖော်ပြသေးပါ။ မှားသည်ဟု မဆိုလိုပါ။
စစ်ကောင်စီသည် ချင်းပြည်တောင်ပိုင်းကို ထိုးဖောက်နိုင်ရန်အတွက် စစ်ကြောင်း ၄ ခုဖြင့် ၂၀၂၆ ခုနှစ် မေလကတည်းက ထိုးစစ်ဆင်တိုက်ခိုက်ခဲ့ပြီး ပထမအကြိမ် စစ်ဦးကျိုးခဲ့ပြီးနောက် စက်တင်ဘာလမှစတင်ကာ ဒုတိယအကြိမ် ထပ်မံထိုးစစ်ဆင်နေခြင်း ဖြစ်သည်။
ရွှေအောင်သာကျေးရွာကို စစ်ကောင်စီက ပြန်လည်ထိန်းချုပ်လိုက်ခြင်းမှာ ယောတောင်ပိုင်းမှ တပ်များက ချင်းပြည်တောင်ပိုင်းသို့ စစ်ကူပေးသည့် လမ်းကြောင်း ပိတ်ဆို့ခံရသည့် အနေအထား ဖြစ်သွားပြီး ချင်းပြည်တောင်ပိုင်းအတွက် စစ်ရေးအရ အတော်နစ်နာကြောင်း စစ်ရေးစောင့်ကြည့်သူများနှင့် CDM ဗိုလ်ကြီး ဇင်ယော်က သုံးသပ်ပြောကြားသည်။
ထိန်းချုပ်ခံရသည့် ရွှေအောင်သာကျေးရွာသည် ထီးလင်း-မင်းတပ်-ဆောမြို့နယ် လမ်းဆုံတွင် တည်ရှိပြီး ကုန်သွယ်ရေးအရ အချက်အချာကျကာ ချင်းပြည်တောင်ပိုင်းနှင့် ရခိုင်ပြည်နယ်အတွက် နယ်စပ်ကုန်သွယ်ရေးအပေါ် သက်ရောက်မှုများ ရှိလာနိုင်သည်ဟု ဒေသခံများနှင့် ကုန်သည်များက ဆိုသည်။
မကွေးတိုင်း၊ ယောဒေသ ထီးလင်းမြို့နယ်နှင့် ချင်းပြည်တောင်ပိုင်း မင်းတပ်မြို့နယ် အစပ်ရှိ ရွှေအောင်သာကျေးရွာကို စစ်ကောင်စီက နိုဝင်ဘာ ၉ ရက်တွင် ထိန်းချုပ်ခဲ့ပြီး အနီးပတ်ဝန်းကျင်၌ နှစ်ဖက်တိုက်ပွဲများ ဖြစ်ပွားနေသည်။
ပေါက်မြို့နယ် ကပစ-၂၄ မှ ထွက်လာသည့် အင်အား ၆၀၀ ခန့်ပါ စစ်ကြောင်းသည် ရွှေအောင်သာကျေးရွာသို့ ရောက်ရှိလာပြီး လက်ရှိတွင် အင်အား ၁၀၀ ဝန်းကျင်ဖြင့် တပ်စွဲထားကာ ကျန်အင်အား ၅၀၀ ဝန်းကျင်မှာ အောင်းရွာနှင့် တင်းချောင်းရွာအကြားတွင် ရှိနေသည်။
အထက်ပါ အချက်များ၏ ရင်းမြစ် —Development Media Group (DMG)
သတင်းရင်းမြစ်များ
အချိန်အလိုက် စီထားသည်။ ခေါင်းစဉ်များမှာ သတင်းဌာန၏ မူရင်းခေါင်းစဉ်များ ဖြစ်သည်။
- Development Media Group (DMG)ပြည်ပအခြေစိုက်10 နိုဝင်ဘာ 2026 17:52ယောနှင့် ချင်းတောင်အစပ် ရွှေအောင်သာရွာကို စစ်တပ် ထိန်းချုပ်
- ချင်းဝေါလ်ပြည်ပအခြေစိုက်11 နိုဝင်ဘာ 2026 18:12ချင်းပြည်နယ်တောင်ပိုင်းရဲ့ ကုန်သွယ်ရေးအတွက် အရေးပါတဲ့ ရွှေအောင်သာရွာကို စစ်ကောင်စီတပ်ဖွဲ့က ထိန်းချုပ်လိုက်တယ်လို့ သိရ
ပြောင်းလဲမှုမှတ်တမ်း
- 11 နိုဝင်ဘာ 2026 02:34Story published.
