Dipa News
22 နိုဝင်ဘာ 2026 · မြန်မာစံတော်ချိန်
Photo —မြေလတ်အသံပြည်ပအခြေစိုက်

ကျန်းမာရေး · ပဲခူးတိုင်း

ပဲခူး-ရခိုင်နယ်စပ် ညောင်ခြေထောက်ရွာတွင် ပေါ်တာကြေးကောက်ခံမှုနှင့် ဖမ်းဆီးမှုများကြောင့် လူငယ်များ ထွက်ပြေးတိမ်းရှောင်

12 အောက်တိုဘာ 2026 12:10 မြန်မာစံတော်ချိန်

သတင်းဌာန တစ်ခုတည်းက ဖော်ပြထားသည်
သီးခြားရင်းမြစ် 1

ပထမဆုံး သီးခြားဖော်ပြသူ 1 ခု

အကျဉ်းချုပ်

အတည်ပြုပြီး

သီးခြားလွတ်လပ်သော သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည်

သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည့် အချက်အလက် မရှိသေးပါ။

သတင်းဌာန တစ်ခုတည်းက ဖော်ပြထားသည်

အခြား သတင်းဌာနက မဖော်ပြသေးပါ။ မှားသည်ဟု မဆိုလိုပါ။

ပန်းတောင်းမြို့နယ်ရှိ ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ ၁၆) ကို အာရက္ခတပ်တော် (AA) နှင့် ပူးပေါင်းတပ်များ စီးနင်းမည်ကို စိုးရိမ်၍ စစ်တပ်က အနီးဝန်းကျင်ကျေးရွာများကို ပိတ်ဆို့ထားသဖြင့် ဒေသခံများ စားဝတ်နေရေးနှင့် ဆေးဝါးပြတ်လပ်သည့်ဒဏ်ကို ခံစားနေကြရသည်။

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်နှင့် ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်အစပ်ရှိ ညောင်ခြေထောက်ကျေးရွာတွင် အုပ်ချုပ်ရေးအဖွဲ့က လစဉ်ပေါ်တာကြေးကောက်ခံပြီး လူငယ်များကို ပေါ်တာဆွဲဖမ်းဆီးနေခြင်းကြောင့် လူငယ်အများစု ရွာလုံးကျွတ်နီးပါး ထွက်ပြေးတိမ်းရှောင်နေရသည်။

သက်ကြီးရွယ်အိုများသာ ကျန်ရှိတော့သည့် အိမ်ထောင်စုများဆီမှပင် ငွေကျပ် ၁ သောင်းမှ ၂ သောင်းအထိ မဖြစ်မနေ ထည့်ခိုင်းနေသည်။

စစ်တပ်အတွက် လစဉ်ပေါ်တာဆွဲဖမ်းဆီးမှုများ အရှိန်အဟုန်မြှင့် လုပ်ဆောင်လာနေသဖြင့် အသက် ၁၈ နှစ်မှ ၃၅ နှစ်ကြား လူငယ်လူလတ်ပိုင်း ၉၀ ရာခိုင်နှုန်းမှာ ထိုင်းနိုင်ငံဘက်သို့ တရားမဝင်လမ်းကြောင်းများဖြင့် ထွက်ပြေးကာ ကျပန်းအလုပ်သွားလုပ်နေကြရသည်။

အိမ်ခြေ ၆၀၀ နီးပါးရှိသော အဆိုပါရွာတွင် ဇူလိုင်လမှစတင်ကာ အုပ်ချုပ်ရေးအဖွဲ့က တအိမ်ထောင်လျှင် ငွေကျပ် ၅ သောင်းအထိ အတင်းအကျပ် ကောက်ခံလျက်ရှိသည်။

အထက်ပါ အချက်များ၏ ရင်းမြစ် —မြေလတ်အသံ

သတင်းရင်းမြစ်များ

အချိန်အလိုက် စီထားသည်။ ခေါင်းစဉ်များမှာ သတင်းဌာန၏ မူရင်းခေါင်းစဉ်များ ဖြစ်သည်။

ပြောင်းလဲမှုမှတ်တမ်း

  • 12 အောက်တိုဘာ 2026 14:15Story published.

Share

အမှား သတင်းပို့ရန်

အီးမေးလ် မဖြည့်ပါက သင်နှင့် ပတ်သက်သည့် အချက်အလက် တစ်စုံတစ်ရာ မသိမ်းဆည်းပါ။

နေ့စဉ်သတင်းလွှာ

မနေ့က မြန်မာသတင်းများကို နံနက် 07:00 (Yangon အချိန်) တွင် သင့်အီးမေးလ်ထဲ ပို့ပေးပါမည်။

အခမဲ့ ဖြစ်ပါသည်။ အကောင့် မလိုအပ်ပါ။

မနေ့က အီးမေးလ်တွင် ပါဝင်ခဲ့သည်

  • မြန်မာနိုင်ငံအပေါ် ICJ ၏ စီရင်ချက် ထွက်ပေါ်လာမည်
  • မြန်မာနိုင်ငံအပေါ် ICJ ၏ လူမျိုးသုဉ်းသတ်ဖြတ်မှု စီရင်ချက်နှင့် အစ္စရေးအပေါ် သက်ရောက်နိုင်ခြေ

နေ့စဉ် တစ်ကြိမ် ပို့ပါမည်။ သင့်အီးမေးလ်၊ အချိန်ဇုန်၊ စာရင်းသွင်းသည့်ရက်နှင့် အတည်ပြုသည့်ရက်ကိုသာ သိမ်းဆည်းပါသည်။ အတည်မပြုပါက 48 နာရီအကြာတွင် ဖျက်ပါသည်။