Dipa News
22 နိုဝင်ဘာ 2026 · မြန်မာစံတော်ချိန်
Photo —LuduNwayOo (People’s Spring)ပြည်ပအခြေစိုက်

တိုက်ပွဲ · စစ်ကိုင်းတိုင်း

စစ်ကိုင်းတွင် မင်္ဂလာဆောင် ဝင်စီးခံရပြီး ဒေသခံများ ဖမ်းဆီးခံရကာ ရွာမီးရှို့ခံရ

11 နိုဝင်ဘာ 2026 11:34 မြန်မာစံတော်ချိန်

သတင်းဌာန တစ်ခုတည်းက ဖော်ပြထားသည်
သီးခြားရင်းမြစ် 1

ပထမဆုံး သီးခြားဖော်ပြသူ 1 ခု

အကျဉ်းချုပ်

အတည်ပြုပြီး

သီးခြားလွတ်လပ်သော သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည်

သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည့် အချက်အလက် မရှိသေးပါ။

သတင်းဌာန တစ်ခုတည်းက ဖော်ပြထားသည်

အခြား သတင်းဌာနက မဖော်ပြသေးပါ။ မှားသည်ဟု မဆိုလိုပါ။

အမှတ် (၇၂) သံချပ်ကာတပ်ရင်းမှ ဒုတိယစစ်ဆင်ရေးကွပ်ကဲရေးမှူး ဗိုလ်မှူးကြီး ဇော်မျိုးတင့်ကို လင်းယုန်ညီနောင်ပြောက်ကျားတပ်က ဖမ်းဆီးခဲ့ပြီးနောက် အောက်တိုဘာ ၁၉ ရက်မှစတင်ကာ စစ်ကိုင်းမြို့နယ်အနောက်ခြမ်းသို့ စစ်ကောင်စီတပ်က စစ်ကြောင်းထိုးခြင်းနှင့် လေကြောင်းတိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု ဒေသခံများနှင့် တော်လှန်ရေးတပ်ဖွဲ့က ပြောဆိုသည်။

စစ်ကိုင်းမြို့နယ် ငါးထပ်ကြီးဘုရားအနောက်ဘက် ကျေးရွာများကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေသည်။

ဖမ်းဆီးခံရသည့် ဗိုလ်မှူးကြီး ဇော်မျိုးတင့်သည် အစောင့် တော်လှန်ရေးရဲဘော်၏ သေနတ်ကို ဆွဲလုကာ ထွက်ပြေးရန် ကြိုးစားသဖြင့် အောက်တိုဘာ ၁၉ ရက်တွင် ရှင်းလင်းခဲ့ရသည်ဟု လင်းယုန်ညီနောင်ပြောက်ကျားတပ်ဖွဲ့က ထုတ်ပြန်ထားသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် တဲကြီးရွာဘက်သို့ ဆက်လက်ထွက်ခွာလာစဉ် မိုင်းဆွဲခံရပြီးနောက် တဲကြီးရွာကို ဝင်ရောက်မီးရှို့ခဲ့ရာ အိမ် သုံးလုံးခန့် မီးလောင်ပျက်စီးခဲ့သည်။

အဆိုပါစစ်ကြောင်းသည် လက်ရှိတွင် ဇီးချောင်းဘုန်းကြီးကျောင်းအတွင်း တပ်စွဲထားသည်။

စစ်ကောင်စီတပ် စစ်ကြောင်းသည် နိုဝင်ဘာလ ၇ ရက်တွင် ကျွဲလူးရွာရှိ မင်္ဂလာဆောင်ကို ဝင်ရောက်စီးနင်းခဲ့ရာ သတို့သား ထွက်ပြေးလွတ်မြောက်ခဲ့ပြီး သတို့သမီးအပါအဝင် အမျိုးသမီးတချို့ ဖမ်းဆီးခံခဲ့ရသည်။

အထက်ပါ အချက်များ၏ ရင်းမြစ် —LuduNwayOo (People’s Spring)

သတင်းရင်းမြစ်များ

အချိန်အလိုက် စီထားသည်။ ခေါင်းစဉ်များမှာ သတင်းဌာန၏ မူရင်းခေါင်းစဉ်များ ဖြစ်သည်။

ပြောင်းလဲမှုမှတ်တမ်း

  • 11 နိုဝင်ဘာ 2026 13:49Story published.

Share

အမှား သတင်းပို့ရန်

အီးမေးလ် မဖြည့်ပါက သင်နှင့် ပတ်သက်သည့် အချက်အလက် တစ်စုံတစ်ရာ မသိမ်းဆည်းပါ။

နေ့စဉ်သတင်းလွှာ

မနေ့က မြန်မာသတင်းများကို နံနက် 07:00 (Yangon အချိန်) တွင် သင့်အီးမေးလ်ထဲ ပို့ပေးပါမည်။

အခမဲ့ ဖြစ်ပါသည်။ အကောင့် မလိုအပ်ပါ။

မနေ့က အီးမေးလ်တွင် ပါဝင်ခဲ့သည်

  • မြန်မာနိုင်ငံအပေါ် ICJ ၏ စီရင်ချက် ထွက်ပေါ်လာမည်
  • မြန်မာနိုင်ငံအပေါ် ICJ ၏ လူမျိုးသုဉ်းသတ်ဖြတ်မှု စီရင်ချက်နှင့် အစ္စရေးအပေါ် သက်ရောက်နိုင်ခြေ

နေ့စဉ် တစ်ကြိမ် ပို့ပါမည်။ သင့်အီးမေးလ်၊ အချိန်ဇုန်၊ စာရင်းသွင်းသည့်ရက်နှင့် အတည်ပြုသည့်ရက်ကိုသာ သိမ်းဆည်းပါသည်။ အတည်မပြုပါက 48 နာရီအကြာတွင် ဖျက်ပါသည်။