ပညာရေး · မန္တလေးတိုင်း
ထားဝယ်မြို့တွင် တရုတ်ထုတ် EV ဆိုင်ကယ်နှင့် သုံးဘီး အသုံးတွင်ကျယ်လာ
24 စက်တင်ဘာ 2026 18:36 မြန်မာစံတော်ချိန်
အကျဉ်းချုပ်
အတည်ပြုပြီး
သီးခြားလွတ်လပ်သော သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည်
သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည့် အချက်အလက် မရှိသေးပါ။
သတင်းဌာန တစ်ခုတည်းက ဖော်ပြထားသည်
အခြား သတင်းဌာနက မဖော်ပြသေးပါ။ မှားသည်ဟု မဆိုလိုပါ။
EV သုံးဘီးယာဉ်များကို ခွဲတမ်းဖြင့် ရရှိနေပြီး ရောက်ရှိလာသည်နှင့် ကုန်ဆုံးသည်ဟု ရောင်းချသူက ဆိုသည်။
အသုံးပြုနေသည့် EV ဆိုင်ကယ်နှင့် သုံးဘီးများသည် တရုတ်နိုင်ငံထုတ်များဖြစ်ပြီး မန္တလေးလိုင်စင်နှင့် ထားဝယ်လိုင်စင်များ ရရှိထားကာ ဈေးကွက်အတွင်း EV ဆိုင်ကယ်တစ်စီးလျှင် ကျပ်သိန်း ၂၀ ကျော်မှ ၆၀ ကျော်နှင့် သုံးဘီးတစ်စီးလျှင် ကျပ်သိန်း ၈၀ ကျော်မှ ၁၀၀ ကျော်အထိ ဈေးရှိသည်။
ထားဝယ်မြို့အပြင် သရက်ချောင်းမြို့၊ ရေဖြူမြို့နယ် ကံပေါက်ဒေသတို့အပြင် မြိတ်နှင့် ကော့သောင်းမြို့တို့တွင်လည်း EV ဆိုင်ကယ် အသုံးပြုမှုများ ရှိလာသည်။
ကျောင်းသားလူငယ် အများစု စီးနင်းကြသည့် EV ဆိုင်ကယ်များကို ဦးထုပ်မဆောင်းဘဲ မောင်းနှင်သူ များပြားလာသဖြင့် အခြေခံပညာကျောင်းအချို့တွင် စက်တင်ဘာလအတွင်း ဆိုင်ကယ်စီးဦးထုပ် မဖြစ်မနေ ဆောင်းရမည်ဟု ကန့်သတ်ချက်များ လုပ်ဆောင်နေသည်။
ထားဝယ်မြို့တွင် ၂၀၂၄ ခုနှစ်မှစတင်ကာ လျှပ်စစ်စွမ်းအင်သုံး EV ဆိုင်ကယ်နှင့် သုံးဘီးယာဉ်များ အသုံးပြုမှု များပြားလာနေပြီး ယခုနှစ် မတ်လ စက်သုံးဆီ အကျပ်အတည်းဖြစ်ချိန်တွင် အများဆုံး ရောင်းချခဲ့ရသည်။
ထားဝယ်မြို့တွင် ဆိုင်ကယ်ဆယ်စီးတွင် တစ်စီးခန့်မှာ EV ဆိုင်ကယ်ဖြစ်ကြောင်း EV အရောင်းပြခန်း တာဝန်ရှိသူက ပြောသည်။
ထားဝယ်မြို့ ကမ်းနားလမ်းတွင် EV Station တစ်ခုကို ပြီးခဲ့သည့် သြဂုတ်လက စစ်ကောင်စီ အစီအစဉ်ဖြင့် ဆောက်လုပ်ရန် ပြင်ဆင်နေသည်။
မောင်းနှင်ရာတွင် စက်သံမထွက်ခြင်းနှင့် စက်သုံးဆီ အခက်အခဲ မရှိခြင်းတို့ကြောင့် ဝယ်ယူကြသော်လည်း လမ်းခရီးတွင် ဘက်ထရီ အားကုန်ပါက အားသွင်းရန် နေရာ အခက်အခဲရှိခြင်းနှင့် ပြန်လည်ရောင်းချရန် ခက်ခဲခြင်းတို့ ရှိကြောင်း အသုံးပြုသူများက ပြောသည်။
အထက်ပါ အချက်များ၏ ရင်းမြစ် —ထားဝယ်ဝေါ့ချ်
သတင်းရင်းမြစ်များ
အချိန်အလိုက် စီထားသည်။ ခေါင်းစဉ်များမှာ သတင်းဌာန၏ မူရင်းခေါင်းစဉ်များ ဖြစ်သည်။
- ထားဝယ်ဝေါ့ချ်ပြည်ပအခြေစိုက်24 စက်တင်ဘာ 2026 11:11ထားဝယ်တွင် တရုတ်ထုတ် EV ဆိုင်ကယ်နှင့် သုံးဘီး အသုံးတွင်ကျယ်လာ
- ထားဝယ်ဝေါ့ချ်ပြည်ပအခြေစိုက်24 စက်တင်ဘာ 2026 18:36ထားဝယ်မှာ တရုတ်ထုတ် EV ဆိုင်ကယ်နဲ့ သုံးဘီး အသုံးပြုတာ တွင်ကျယ်လာ
ပြောင်းလဲမှုမှတ်တမ်း
- 24 စက်တင်ဘာ 2026 15:09Story published.