
ပညာရေး · မန္တလေးတိုင်း
မုံရွာမြို့တွင် ငါးနှစ်ကြာ ရပ်ဆိုင်းထားသည့် ဆုတောင်းပြည့်ဘုရားကြီးပွဲတော်ကို ပြန်လည်ကျင်းပ
22 အောက်တိုဘာ 2026 21:00 မြန်မာစံတော်ချိန်
အကျဉ်းချုပ်
အတည်ပြုပြီး
သီးခြားလွတ်လပ်သော သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည်
သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည့် အချက်အလက် မရှိသေးပါ။
သတင်းဌာန တစ်ခုတည်းက ဖော်ပြထားသည်
အခြား သတင်းဌာနက မဖော်ပြသေးပါ။ မှားသည်ဟု မဆိုလိုပါ။
စစ်အုပ်စုသည် ဘုရားပွဲတော်အတွင်း ဆိုင်ခန်းရောင်းချခြင်း၊ ဆိုင်ကယ်နှင့် စက်ဘီးအပ်နှံခ လေလံတင်ခြင်းတို့ဖြင့် ငွေရှာနေကြသည်ဟု မြို့ခံများက ဆိုသည်။
မုံရွာမြို့တွင် ကိုဗစ်ကပ်ရောဂါနှင့် အုပ်ချုပ်ရေးရုံးများ မဖွင့်နိုင်ခြင်းတို့ကြောင့် ငါးနှစ်ကြာ ရပ်ဆိုင်းထားခဲ့ရသည့် ဆုတောင်းပြည့်ဘုရားကြီး သီတင်းကျွတ်ပွဲတော်ကို ယခုနှစ်တွင် ပြန်လည်ကျင်းပနေပြီး အောက်တိုဘာ ၃၁ ရက်မှ နိုဝင်ဘာ ၉ ရက်အထိ ပြုလုပ်မည်ဖြစ်ကြောင်း ကြေညာထားသည်။
လက်ရှိတွင် စစ်အုပ်စုက ပေါ်တာဆွဲမှုများ အကြမ်းဖက်လုပ်ဆောင်နေပြီး ဘုရားပွဲတော် ပြုလုပ်ခြင်းမှာ လူငယ်များကို ပေါ်တာပိုဆွဲရန် ရည်ရွယ်ခြင်းဖြစ်နိုင်သည်ဟု မြို့ခံများက သုံးသပ်ပြောဆိုကြသည်။
မုံရွာမြို့ပေါ်တွင် ပေါ်တာအဆွဲကြမ်းသဖြင့် လူငယ်လူရွယ်များ အပြင်မထွက်ရဲဘဲ အလုပ်အကိုင် ဆုံးရှုံးနေကြရကာ အခြားမြို့နယ်များမှ ဈေးဝယ်သူများလည်း မလာရဲကြတော့ဘဲ စီးပွားရေးလုပ်ငန်းများ အဆင်မပြေဖြစ်နေကြကြောင်း မြို့ခံများက ပြောသည်။
အထက်ပါ အချက်များ၏ ရင်းမြစ် —Mandalay Free Press (MFP)
သတင်းရင်းမြစ်များ
အချိန်အလိုက် စီထားသည်။ ခေါင်းစဉ်များမှာ သတင်းဌာန၏ မူရင်းခေါင်းစဉ်များ ဖြစ်သည်။
- Mandalay Free Press (MFP)ပြည်ပအခြေစိုက်22 အောက်တိုဘာ 2026 21:00မုံရွာမှာ စစ်အုပ်စုက ငါးနှစ်ကြာ မလုပ်နိုင်တဲ့ ဆုတောင်းပြည့် ဘုရားကြီးပွဲ ပြန်လုပ်၊
ပြောင်းလဲမှုမှတ်တမ်း
- 22 အောက်တိုဘာ 2026 23:08Story published.
