
စီးပွားရေး · ကချင်ပြည်နယ်
မိုးကောင်းမြို့တွင် နာရေးအိမ်များကို အကြောင်းပြ၍ ငွေကြေးအမြောက်အမြားဖြင့် လောင်းကစားပြုလုပ်နေ
19 အောက်တိုဘာ 2026 11:48 မြန်မာစံတော်ချိန်
အကျဉ်းချုပ်
အတည်ပြုပြီး
သီးခြားလွတ်လပ်သော သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည်
သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည့် အချက်အလက် မရှိသေးပါ။
သတင်းဌာန တစ်ခုတည်းက ဖော်ပြထားသည်
အခြား သတင်းဌာနက မဖော်ပြသေးပါ။ မှားသည်ဟု မဆိုလိုပါ။
နာရေးအိမ်များတွင် ကြေးကြီးကြီးဖြင့် လောင်းကစားပြုလုပ်နေမှုများကြောင့် စကားများရန်ဖြစ်ခြင်းနှင့် ဆူညံသံများ ဖြစ်ပေါ်လာနေသည်။
အခြေအနေ ပိုဆိုးမလာစေရန် နာရေးအိမ်များအတွင်း လောင်းကစားပြုလုပ်နေသည့် ဝိုင်းများကို သက်ဆိုင်ရာက စိစစ်ပြီး အရေးယူပေးရန် ဒေသခံပြည်သူများက တောင်းဆိုသည်။
စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မြို့နယ်တိုင်းလိုလို လောင်းကစားဝိုင်းနှင့် မူးယစ်ဆေးဝါး ရောင်းဝယ်သုံးစွဲမှုများ သိသိသာသာ များပြားလာသော်လည်း အုပ်ချုပ်သူများက ထိထိရောက်ရောက် အရေးယူဖမ်းဆီးနိုင်ခြင်း မရှိကြောင်းနှင့် အချို့ကိစ္စများတွင် ရဲတပ်ဖွဲ့ဝင်ကိုယ်တိုင် ပါဝင်နေကြောင်း ဒေသခံများက ပြောသည်။
မိုးကောင်းမြို့ရှိ ရပ်ကွက်အချို့၏ နာရေးအိမ်များတွင် စက်တင်ဘာလ ပထမပတ်မှစတင်ကာ ကြီးမားသော လောင်းကြေးများဖြင့် လောင်းကစားဝိုင်းများ ပြုလုပ်နေပြီး လက်ရှိတွင် ဝိုင်းပေါင်း ၁၀ ဝန်းကျင်အထိ ရှိလာသည်။
အဆိုပါ လောင်းကစားဝိုင်းများတွင် အနည်းဆုံး ဒိုင်ကြေး ကျပ်သိန်း ၃၀ ထားရှိပြီး ထိုးကြေးကို ကျပ်သိန်း ၅၀၊ ၁၀၀ နှင့် ၂၀၀ အထိ လောင်းကစားကြသည်။
အထက်ပါ အချက်များ၏ ရင်းမြစ် —ကချင်သတင်းဌာန
သတင်းရင်းမြစ်များ
အချိန်အလိုက် စီထားသည်။ ခေါင်းစဉ်များမှာ သတင်းဌာန၏ မူရင်းခေါင်းစဉ်များ ဖြစ်သည်။
- ကချင်သတင်းဌာနပြည်ပအခြေစိုက်19 အောက်တိုဘာ 2026 11:48နာရေးအိမ်တွေကို အကြောင်းပြပြီး ကြေးကြီးကြီးနဲ့ လောင်းကစားလုပ်နေ
ပြောင်းလဲမှုမှတ်တမ်း
- 19 အောက်တိုဘာ 2026 14:01Story published.
