
တိုက်ပွဲ · ကချင်ပြည်နယ်
အင်းတော်ကြီးဒေသတွင် SNA တပ်သားတစ်ဦး KIA ထံ လက်နက်နှင့်အတူ အလင်းဝင်
11 နိုဝင်ဘာ 2026 10:57 မြန်မာစံတော်ချိန်
အကျဉ်းချုပ်
အတည်ပြုပြီး
သီးခြားလွတ်လပ်သော သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည်
သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည့် အချက်အလက် မရှိသေးပါ။
သတင်းဌာန တစ်ခုတည်းက ဖော်ပြထားသည်
အခြား သတင်းဌာနက မဖော်ပြသေးပါ။ မှားသည်ဟု မဆိုလိုပါ။
အင်းတော်ကြီးဒေသ၊ နန့်မွန်းမြို့၊ ဟဲပါးကျေးရွာတွင် တပ်စွဲထားသည့် ရှမ်းနီအမျိုးသားများတပ်မတော် (SNA) တပ်ဖွဲ့ဝင်တစ်ဦးသည် နိုဝင်ဘာလ ၆ ရက်နေ့တွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) တပ်မဟာ (၉) လက်အောက်ခံ တပ်ရင်းထံ လက်နက်နှင့်အတူ အလင်းဝင်ရောက်ခဲ့သည်။
SNA က လူမျိုးရေးကို အကြောင်းပြကာ ဒေသတွင်း ပေါ်တာဆွဲခြင်းနှင့် မဖြစ်မနေ စစ်မှုထမ်းခိုင်းခြင်းများကြောင့် တပ်ထဲမှ ထွက်ပြေးမှုများ များပြားလာသည်ဟု တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက ပြောကြားသည်။
စစ်ကိုင်းတိုင်းအထက်ပိုင်း ဟုမ္မလင်းဒေသအပါအဝင် မိုးညှင်းနှင့် အင်းတော်ကြီးစသည့် SNA တပ်စွဲရာနေရာများတွင် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်များက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး စခန်းများလည်း ဆက်တိုက်ရရှိနေသည်။
အလင်းဝင်ရောက်လာသည့် SNA တပ်သားနှင့်အတူ AK-47 သေနတ် ၁ လက်၊ ကျည် ၁၈၉ တောင့်၊ ကျည်ဘောက် ၃ ခုနှင့် လက်ပစ်ဗုံး ၁ လုံး ပါရှိလာပြီး ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ဘက်က ဆုငွေ သိန်း ၃၀ ကျပ် ပေးအပ်ကာ လွတ်မြောက်ရာနေရာသို့ ပို့ဆောင်ပေးခဲ့သည်။
အထက်ပါ အချက်များ၏ ရင်းမြစ် —မောင်း
သတင်းရင်းမြစ်များ
အချိန်အလိုက် စီထားသည်။ ခေါင်းစဉ်များမှာ သတင်းဌာန၏ မူရင်းခေါင်းစဉ်များ ဖြစ်သည်။
- မောင်းပြည်ပအခြေစိုက်10 နိုဝင်ဘာ 2026 15:44အင်းတော်ကြီးဒေသရှိ ရှမ်းနီ (SNA)တပ်သားတစ်ဦး KIA ထံ လက်နက်နှင့် အလင်းဝင်
- LuduNwayOo (People’s Spring)ပြည်ပအခြေစိုက်11 နိုဝင်ဘာ 2026 10:57စစ်တပ်လက်အောက်ခံ ရှမ်းနီတပ် SNA တပ်သား ၁ဦး KIA ထံ ထပ်မံ အလင်းဝင်
ပြောင်းလဲမှုမှတ်တမ်း
- 10 နိုဝင်ဘာ 2026 18:28Story published.
