Dipa News
23 နိုဝင်ဘာ 2026 · မြန်မာစံတော်ချိန်
Photo —တိုင်းလိုင်ရှမ်းနီအသံပြည်ပအခြေစိုက်

သဘာဝဘေး · ရှမ်းပြည်နယ်

ရှမ်းပြည်နယ်တောင်ပိုင်း မြို့များတွင် ရေကြီးရေလျှံမှုဖြစ်ပေါ်ပြီး ဒေသခံများ ရွှေ့ပြောင်းနေရ

12 နိုဝင်ဘာ 2026 17:10 မြန်မာစံတော်ချိန်

သတင်းဌာန 2 ခု ဖော်ပြထားသည်
သီးခြားရင်းမြစ် 2

ပထမဆုံး သီးခြားဖော်ပြသူ 2 ခု

အကျဉ်းချုပ်

အတည်ပြုပြီး

သီးခြားလွတ်လပ်သော သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည်

သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည့် အချက်အလက် မရှိသေးပါ။

သတင်းဌာန တစ်ခုတည်းက ဖော်ပြထားသည်

အခြား သတင်းဌာနက မဖော်ပြသေးပါ။ မှားသည်ဟု မဆိုလိုပါ။

ကားလမ်းမများပေါ် ရေကျော်နေသဖြင့် သွားလာ၍ မရတော့ကြောင်းနှင့် ကလောနှင့် ပင်းတယဘက်တို့တွင်လည်း တောင်ပြိုမှုများ ဖြစ်ပွားနေသည်။

မိုးအဆက်မပြတ် ရွာသွန်းခြင်းနှင့် တောင်ကျရေများ စီးဆင်းလာခြင်းတို့ကြောင့် ရှမ်းပြည်နယ်တောင်ပိုင်းရှိ မြို့များတွင် ရေကြီးရေလျှံမှုများ ဆက်လက်ဖြစ်ပေါ်နေပြီး ဒေသခံများ ရေလွတ်ရာသို့ ရွှေ့ပြောင်းနေရသည်။

ယနေ့နှင့် နိုဝင်ဘာ ၁၂ ရက်အတွင်း ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့၌ နေရာကွက်၍ မိုးကြီးနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက သတိပေးထားသည်။

ကလော၊ ရွာငံ၊ ပင်းတယ၊ အောင်ပန်း၊ ညောင်ရွှေ၊ ရွှေညောင်၊ ဟဲဟိုး၊ ရပ်စောက်၊ လွိုင်လင်၊ မိုင်းပွန်၊ တောင်ကြီးနှင့် အင်းလေးဒေသများရှိ ဒေသခံများ ရေလွတ်ရာသို့ ရွှေ့ပြောင်းနေကြရပြီး မီးသတ်တပ်ဖွဲ့၊ ပရဟိတအဖွဲ့များနှင့် ရပ်မိရပ်ဖများက ကူညီကယ်ဆယ်ရေးများ ဆောင်ရွက်ပေးနေရသည်။

ရှမ်းတောင်ပိုင်းမြို့များ၌ ရာသီဥတု အအေးပိုလာပြီး အမြင့်ဆုံးအပူချိန် ၂၀ ဒီဂရီဆဲလ်စီးယပ်စ်နှင့် အနိမ့်ဆုံး ၁၅ ဒီဂရီဆဲလ်စီးယပ်စ်အထိ ရှိနိုင်ကြောင်း မိုးဇလက ထုတ်ပြန်ထားသည်။

နိုဝင်ဘာ ဒုတိယပတ်အတွင်း ရှမ်းပြည်နယ်တွင် ရွာသွန်းမြဲထက် မိုးပိုမိုရွာသွန်းနိုင်ပြီး ဘင်္ဂလားပင်လယ်အော်နှင့် ကပ္ပလီပင်လယ်ပြင်တို့တွင် လေဖိအားနည်းရပ်ဝန်း တကြိမ်ဖြစ်ပေါ်ကာ မုန်တိုင်းငယ်အဖြစ်သို့ ရောက်ရှိနိုင်ကြောင်း မိုးလေဝသနှင့် ဇလဗေဒ ဦးစီးဌာနက ထုတ်ပြန်ထားသည်။

ညောင်ရွှေမြို့တွင် နိုဝင်ဘာ ၈ ရက်မှစတင်ကာ မိုးအဆက်မပြတ် ရွာသွန်းပြီး တောင်ကျရေများ စီးဆင်းလာသည့်အပြင် သာစည်ကန် ရေလျှံလာမှုကြောင့် မြို့ပေါ်နှင့် ရပ်ကွက်တချို့ ရေကြီးရေလျှံနေသည်။

အထက်ပါ အချက်များ၏ ရင်းမြစ် —ဧရာဝတီ

သတင်းရင်းမြစ်များ

အချိန်အလိုက် စီထားသည်။ ခေါင်းစဉ်များမှာ သတင်းဌာန၏ မူရင်းခေါင်းစဉ်များ ဖြစ်သည်။

ပြောင်းလဲမှုမှတ်တမ်း

  • 11 နိုဝင်ဘာ 2026 14:39Story published.

Share

အမှား သတင်းပို့ရန်

အီးမေးလ် မဖြည့်ပါက သင်နှင့် ပတ်သက်သည့် အချက်အလက် တစ်စုံတစ်ရာ မသိမ်းဆည်းပါ။

နေ့စဉ်သတင်းလွှာ

မနေ့က မြန်မာသတင်းများကို နံနက် 07:00 (Yangon အချိန်) တွင် သင့်အီးမေးလ်ထဲ ပို့ပေးပါမည်။

အခမဲ့ ဖြစ်ပါသည်။ အကောင့် မလိုအပ်ပါ။

မနေ့က အီးမေးလ်တွင် ပါဝင်ခဲ့သည်

  • မြန်မာနိုင်ငံအပေါ် ICJ ၏ စီရင်ချက် ထွက်ပေါ်လာမည်
  • မြန်မာနိုင်ငံအပေါ် ICJ ၏ လူမျိုးသုဉ်းသတ်ဖြတ်မှု စီရင်ချက်နှင့် အစ္စရေးအပေါ် သက်ရောက်နိုင်ခြေ

နေ့စဉ် တစ်ကြိမ် ပို့ပါမည်။ သင့်အီးမေးလ်၊ အချိန်ဇုန်၊ စာရင်းသွင်းသည့်ရက်နှင့် အတည်ပြုသည့်ရက်ကိုသာ သိမ်းဆည်းပါသည်။ အတည်မပြုပါက 48 နာရီအကြာတွင် ဖျက်ပါသည်။