သဘာဝဘေး · တနင်္သာရီတိုင်း
ထားဝယ်-ထီးခီး နယ်စပ်လမ်းရှိ ပကာရီကျေးရွာနှင့် အနီးတစ်ဝိုက် ရေကြီးရေလျှံမှုဖြစ်ပွား
28 စက်တင်ဘာ 2026 12:16 မြန်မာစံတော်ချိန်
အကျဉ်းချုပ်
အတည်ပြုပြီး
သီးခြားလွတ်လပ်သော သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည်
သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည့် အချက်အလက် မရှိသေးပါ။
သတင်းဌာန တစ်ခုတည်းက ဖော်ပြထားသည်
အခြား သတင်းဌာနက မဖော်ပြသေးပါ။ မှားသည်ဟု မဆိုလိုပါ။
အရှေ့တောလမ်းပိုင်း သရက်ငုတ်ရွာအနီးတွင် ကားလမ်းမပေါ်မြေပြိုကျသဖြင့် အသွားအပြန် သွားမရတော့ဘဲ ကားတစ်စီးချင်းစီသာ သွားလာ၍ရတော့သည်ဟု လမ်းသွားလမ်းလာများက ဆိုသည်။
ထားဝယ်-ထီးခီး နယ်စပ်ကားလမ်းပေါ်ရှိ ပကာရီရွာတွင် ရေလွှမ်းနေသဖြင့် လတ်တလောတွင် ကားများ ဖြတ်သန်းသွားလာ၍ မရကြောင်း ဒေသခံများထံမှ သိရသည်။
ထားဝယ်မြို့နယ်၊ ပကာရီကျေးရွာတွင် စက်တင်ဘာလ ၂၇ ရက် ညကတည်းက တစ်ရွာလုံးရေကြီးနစ်မြုပ်နေပြီး အနိမ့်ပိုင်းနေအိမ်များ တစ်အိမ်လုံး ရေနစ်မြုပ်နေသည်ဟု ဒေသခံများက ပြောသည်။
ပကာရီကျေးရွာအုပ်စုရှိ ရမ္မဇူ၊ လိပ်ကြယ်ပြောင်နှင့် သင်္ကန်းတုံး စသည့်ကျေးရွာများတွင်လည်း ရေကြီးရေလျှံနေပြီး ရမ္မဇူကိုယ်ပိုင်ကျောင်းဝင်းအတွင်း မြေပြိုသဖြင့် ကျောင်းပိတ်ထားရသည်ဟု ကျောင်းတာဝန်ရှိသူထံမှ သိရသည်။
အထက်ပါ အချက်များ၏ ရင်းမြစ် —ထားဝယ်ဝေါ့ချ်
သတင်းရင်းမြစ်များ
အချိန်အလိုက် စီထားသည်။ ခေါင်းစဉ်များမှာ သတင်းဌာန၏ မူရင်းခေါင်းစဉ်များ ဖြစ်သည်။
- ထားဝယ်ဝေါ့ချ်ပြည်ပအခြေစိုက်28 စက်တင်ဘာ 2026 12:16ထားဝယ်-ထီးခီး နယ်စပ်လမ်းရှိ ပကာရီတွင် တစ်ရွာလုံးရေမြုပ်၊ အနိမ့်ပိုင်းအိမ်များ တစ်အိမ်လုံးမြုပ်
ပြောင်းလဲမှုမှတ်တမ်း
- 28 စက်တင်ဘာ 2026 13:33Story published.