Dipa News
22 နိုဝင်ဘာ 2026 · မြန်မာစံတော်ချိန်
Photo —Myanmar Nowပြည်ပအခြေစိုက်

တိုက်ပွဲ · ချင်းပြည်နယ်

ရခိုင်ပြည်နယ် စစ်တွေနှင့် ပေါက်တောမြို့နယ်တို့တွင် တိုက်ပွဲများ ဆက်လက်ပြင်းထန်

16 အောက်တိုဘာ 2026 14:18 မြန်မာစံတော်ချိန်

သတင်းဌာန တစ်ခုတည်းက ဖော်ပြထားသည်
သီးခြားရင်းမြစ် 1

ပထမဆုံး သီးခြားဖော်ပြသူ 1 ခု

အကျဉ်းချုပ်

အတည်ပြုပြီး

သီးခြားလွတ်လပ်သော သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည်

သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည့် အချက်အလက် မရှိသေးပါ။

သတင်းဌာန တစ်ခုတည်းက ဖော်ပြထားသည်

အခြား သတင်းဌာနက မဖော်ပြသေးပါ။ မှားသည်ဟု မဆိုလိုပါ။

စက်တင်ဘာလ ၁၆ ရက်က အမြင့်ကျွန်း-ကွမ်းတောင်ရွာအနီးတိုက်ပွဲတွင် အာရက္ခတပ်တော် (AA) က အရှင်ဖမ်းမိခဲ့သော စစ်သားလေးဦးမှာ မကွေးတိုင်း ပခုက္ကူမြို့အခြေစိုက် အမှတ် (၁၀၁) ခြေမြန်တပ်မမှ ဖြစ်သည်။

စစ်တွေမြို့အနီး တိုက်ပွဲပြင်းထန်လာနေသော်လည်း မြို့ပေါ်တွင် သီတင်းကျွတ်လပြည့်နေ့နှင့် တန်ဆောင်မုန်းလပြည့်နေ့တို့တွင် ဆွမ်းတော်ကြီးလောင်းလှူပွဲ၊ ဆီမီးပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲအခမ်းအနားကို အစဉ်အလာမပျက် စည်ကားစွာကျင်းပမည်ဟု စစ်တပ်ထိန်းချုပ်သည့် သတင်းစာများတွင် ဖော်ပြထားသည်။

စစ်သင်္ဘောများက ကျောက်ဖြူနှင့် စစ်တွေမြို့တို့အကြား ပင်လယ်ပြင်၌ လှည့်လည်သွားလာကာ ဒေသခံငါးဖမ်းစက်လှေများကို ဖမ်းဆီးခြင်း၊ နှင်ထုတ်ခြင်းနှင့် ကမ်းပေါ်ရှိ လူနေကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းများ ပြုလုပ်နေသည်။

အာရက္ခတပ်တော် (AA) သည် နယ်မြေထိစပ်လျက်ရှိသော ပုဏ္ဏားကျွန်းနှင့် ရသေ့တောင်မြို့နယ်တို့မှတဆင့် စစ်တွေမြို့သို့ ထိုးစစ်ဆင်ခဲ့ပြီးနောက် စစ်တွေမြို့နယ် ရေချမ်းပြင်ကျေးရွာအနီးနှင့် ဂန့်ဂေါ်ကျွန်း၊ ကျားမသောက်၊ တောကန်စသည့် ကျေးရွာများနှင့် မင်းချောင်းတံတားအနီးတို့တွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေသည်။

စစ်တပ်က အဆင်မြင့်ဒရုန်းအများအပြား အသုံးပြုကာ စစ်တွေမြို့ အရှေ့မြောက်ဘက် ပုဏ္ဏားကျွန်းမြို့နယ်အစပ်ကို စတင်တိုက်ခိုက်ခဲ့ခြင်းကို စစ်တပ်ဝါဒဖြန့်သူများက ၄၉၂၆ စစ်ဆင်ရေးဟု ဆိုကြသော်လည်း စစ်တပ်ဘက်က တရားဝင် ထုတ်ဖော်ပြောဆိုခြင်း မရှိသေးပေ။

အောက်တိုဘာလ ၇ ရက်တွင် စစ်တွေမြို့အရှေ့ဘက်ရှိ ပေါက်တောမြို့နယ် ငပြီကျွန်းကို စစ်သင်္ဘောများ ကမ်းတက်ရန် ကြိုးပမ်းခဲ့ပြီး လေကြောင်းနှင့် လက်နက်ကြီးများဖြင့် ပစ်ကူပေးတိုက်ခိုက်ခဲ့ကာ လက်ရှိတွင် အဆိုပါကျွန်းကို တိုက်လေယာဉ်များနှင့် Y-12 လေယာဉ်များက မကြာခဏ ဗုံးကြဲတိုက်ခိုက်နေသည်။

စစ်တွေနှင့် ရန်ကုန်မြို့သို့ လေယာဉ်ခရီးစရိတ်မှာ လေကြောင်းလိုင်းများတွင် တရားဝင်ပေါက်ဈေး ကျပ် ငါးသိန်းကျော်သာ ရှိသော်လည်း မှောင်ခိုဈေး ကျပ် ၁၀ သိန်းနှင့် ၁၅ သိန်းကြားအထိ မြင့်တက်နေသည်။

ရခိုင်ပြည်နယ်အတွင်း ပေါက်တော၊ ကျောက်ဖြူနှင့် စစ်တွေမြို့နယ်တို့တွင် အာရက္ခတပ်တော် (AA) နှင့် စစ်တပ်တို့ တိုက်ပွဲများ အပြင်းအထန်ဖြစ်ပွားနေပြီး အထူးသဖြင့် စစ်တွေမြို့အနီးတွင် တိုက်ပွဲများ အရှိန်အဟုန် ပြင်းထန်လာသည်။

အထက်ပါ အချက်များ၏ ရင်းမြစ် —Myanmar Now

သတင်းရင်းမြစ်များ

အချိန်အလိုက် စီထားသည်။ ခေါင်းစဉ်များမှာ သတင်းဌာန၏ မူရင်းခေါင်းစဉ်များ ဖြစ်သည်။

ပြောင်းလဲမှုမှတ်တမ်း

  • 16 အောက်တိုဘာ 2026 16:45Story published.

Share

အမှား သတင်းပို့ရန်

အီးမေးလ် မဖြည့်ပါက သင်နှင့် ပတ်သက်သည့် အချက်အလက် တစ်စုံတစ်ရာ မသိမ်းဆည်းပါ။

နေ့စဉ်သတင်းလွှာ

မနေ့က မြန်မာသတင်းများကို နံနက် 07:00 (Yangon အချိန်) တွင် သင့်အီးမေးလ်ထဲ ပို့ပေးပါမည်။

အခမဲ့ ဖြစ်ပါသည်။ အကောင့် မလိုအပ်ပါ။

မနေ့က အီးမေးလ်တွင် ပါဝင်ခဲ့သည်

  • မြန်မာနိုင်ငံအပေါ် ICJ ၏ စီရင်ချက် ထွက်ပေါ်လာမည်
  • မြန်မာနိုင်ငံအပေါ် ICJ ၏ လူမျိုးသုဉ်းသတ်ဖြတ်မှု စီရင်ချက်နှင့် အစ္စရေးအပေါ် သက်ရောက်နိုင်ခြေ

နေ့စဉ် တစ်ကြိမ် ပို့ပါမည်။ သင့်အီးမေးလ်၊ အချိန်ဇုန်၊ စာရင်းသွင်းသည့်ရက်နှင့် အတည်ပြုသည့်ရက်ကိုသာ သိမ်းဆည်းပါသည်။ အတည်မပြုပါက 48 နာရီအကြာတွင် ဖျက်ပါသည်။