
စီးပွားရေး · မကွေးတိုင်း
ပြည်တွင်းကြက်သွန်နီစျေးနှုန်းများ မြင့်တက်နေ
16 နိုဝင်ဘာ 2026 08:13 မြန်မာစံတော်ချိန်
အကျဉ်းချုပ်
အတည်ပြုပြီး
သီးခြားလွတ်လပ်သော သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည်
သတင်းဌာန နှစ်ခုနှင့်အထက် ဖော်ပြထားသည့် အချက်အလက် မရှိသေးပါ။
သတင်းဌာန တစ်ခုတည်းက ဖော်ပြထားသည်
အခြား သတင်းဌာနက မဖော်ပြသေးပါ။ မှားသည်ဟု မဆိုလိုပါ။
မကွေး၊ မန္တလေးနှင့် စစ်ကိုင်းတိုင်းတို့တွင် ယခင်နှစ်က စိုက်ပျိုးမှုကျဆင်းခဲ့ခြင်းကြောင့် ယခုနှစ်တွင် ကြက်သွန်အထွက်နှုန်း နည်းပါးပြီး ရန်ကုန်စျေးကွက်သို့ အဝင်နည်းနေသဖြင့် စျေးတက်နေခြင်းဖြစ်သည်ဟု ဘုရင့်နောင်ကုန်စည်ဒိုင်ရှိ ကြက်သွန်နီပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားသည်။
ကြက်သွန်စျေးနှုန်းများ အဆမတန်မတက်လာစေရန် အထွက်နှုန်းနှင့် စျေးကွက်လက်ကျန်ကို ချိန်ဆပြီး စျေးကျအောင် ထိန်းညှိရောင်းချရန်အတွက် ပြီးခဲ့သည့် သောကြာနေ့က အစည်းအဝေးပြုလုပ် ဆွေးနွေးခဲ့သည်။
ဩဂုတ်လလောက်ကတည်းက စတင်မြင့်တက်ခဲ့သော ကြက်သွန်နီစျေးနှုန်းများမှာ ပြန်လည်ကျဆင်းခြင်းမရှိဘဲ နိုဝင်ဘာလတွင် အမြင့်ဆုံးစျေးအထိ စံချိန်တင် မြင့်တက်လာခြင်းဖြစ်သည်ဟု မုံရွာကြက်သွန်နီစျေးကွက်ရှိ ပွဲရုံပိုင်ရှင်တစ်ဦးက ပြောကြားသည်။
မိုးကြက်သွန်အသစ်ဝင်ရောက်လာချိန်နှင့် တရုတ်ကြက်သွန်အဝင်များချိန်တွင် ျေးနှုန်းများ ပြန်လည်ကျဆင်းနိုင်ပြီး ဒီဇင်ဘာလလောက်မှသာ စျေးနှုန်းပြန်ကျမည်ဟု ကြက်သွန်နီကုန်သည်များက ပြောကြားသည်။
ရန်ကုန်စျေးကွက်တွင် တစ်ရက်အတွက် ကြက်သွန်နီ လိုအပ်ချက်မှာ ပျမ်းမျှပိဿာချိန် တစ်သိန်းခွဲဝန်းကျင်ရှိသော်လည်း လက်ရှိတွင် တစ်ရက်လျှင် ပိဿာချိန် တစ်သိန်းကျော်သာ ရောက်ရှိနေသည်။
ပြည်တွင်းကြက်သွန်နီစျေးနှုန်းများမှာ ဒေသနှင့် အမျိုးအစားအလိုက် တပိဿာလျှင် ကျပ် ၁၃,၅၀၀ မှ ကျပ် ၁၈,၅၀၀ အထိ မြင့်တက်နေပြီး လက်လီစျေးကွက်တွင် ကျပ် ၂၂,၀၀၀ မှ ကျပ် ၂၆,၀၀၀ ကြား ပေါက်နေသည်။
လက်ရှိတွင် ပြည်တွင်းထွက် ကြက်သွန်နီများကို တရုတ်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများသို့ တင်ပို့နေပြီး ပြည်ပဝယ်ယူမှုနှင့် ပြည်တွင်းစားသုံးမှု ပမာဏပေါ်မူတည်၍ စျေးအတက်အကျ ဖြစ်ပေါ်နေသည်။
ပြီးခဲ့သည့် အောက်တိုဘာလနှင့် နှိုင်းယှဉ်ပါက တစ်လအတွင်း ကြက်သွန်စျေးမှာ တပိဿာလျှင် ကျပ် ၅,၀၀၀ မှ ကျပ် ၁၀,၀၀၀ ကြား အထိ ခုန်တက်သွားခြင်းဖြစ်သည်။
အထက်ပါ အချက်များ၏ ရင်းမြစ် —ဘီဘီစီ မြန်မာ
သတင်းရင်းမြစ်များ
အချိန်အလိုက် စီထားသည်။ ခေါင်းစဉ်များမှာ သတင်းဌာန၏ မူရင်းခေါင်းစဉ်များ ဖြစ်သည်။
- ဘီဘီစီ မြန်မာနိုင်ငံတကာ16 နိုဝင်ဘာ 2026 08:13ပြည်တွင်းကြက်သွန်နီ အမြင့်စျေးနဲ့ဆက်တက်နေ
ပြောင်းလဲမှုမှတ်တမ်း
- 16 နိုဝင်ဘာ 2026 09:47Story published.
